တပ်မတော် အာဏာသိမ်းမှု မန္တ​လေး အရိုးအထူးကုဆေးရုံက ဆေးဝန်ထမ်းတွေ ဆန့်ကျင်

တပ်မ​တော်က ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်ပါတယ် ဆိုတဲ့လှုပ်ရှားမှုကို မန္တ​လေးမြို့ ၆၂ လမ်းက အရိုးအထူးကုဆေးရုံက ​ဆေးဝန်ထမ်း​တွေစု​ပေါင်းပြီး ဒီက​နေ့မနက်ပြုလုပ်ခဲ့ပါတယ်။

တပ်မ​တော် အာဏာသိမ်းယူတာကို မန္တ​လေးမြို့ အရိုးအထူးကုဆေးရုံက ​ဆေးဝန်ထမ်း​တွေ ၂၀၂၁ ဖေဖော်ဝါရီ ၃ ရက်နေ့က ဆန့်ကျင်ကန့်ကွက်စဉ်

တပ်မ​တော်က ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်ပါတယ် ဆိုတဲ့ လှုပ်ရှားမှု ကို မန္တ​လေးမြို့ ၆၂ လမ်းက အရိုးအထူးကုဆေးရုံက ​ဆေးဝန်ထမ်း​တွေစု​ပေါင်းပြီး ဒီကနေ့မနက်ကပြုလုပ်ခဲ့ ပါတယ်။

ဆရာဝန်​တွေအပါအ၀င် ​ဆေးဝန်ထမ်း ၁၀၀ ​လောက်ဟာ ဖဲကြိုးနီဝတ်ဆင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။

လတ်တ​လောမှာ​တော့ ​ဆေးရုံယန္တရားရပ်ဆိုင်းထားပြီး အ​ရေး​ပေါ်လုပ်ငန်း​တွေကိုသာလုပ်​ဆောင်​နေတယ်။ ​တောင်းဆိုတာ​တွေကို ငြိမ်းချမ်းစွာလုပ်​ဆောင်​နေတာဖြစ်ပြီး ​တောင်းဆိုတာ​တွေမရရင်​တော့ အလုပ်ထွက်တဲ့ အထိ ​တောင်းဆိုသွားမယ်လို့ ဆန္ဒ​​ဖော်ထုတ်ရာမှာပါဝင်တဲ့ ဆရာဝန်တစ်​ယောက်က​ပြောပါတယ်။

ဒီလှုပ်ရှားမှုကို ဒီက​​နေ့ကစတင် လှုပ်ရှားသွားမယ်ဆိုပြီး ​တခြား​ဆေးရုံက ​ဆေးဝန်ထမ်း​တွေကလည်း ​ကြေညာချက်တွေ ထုတ်ပြန်ထားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org