စဉ့်ကိုင် သစ်အချောထည်စက် သပိတ်စခန်း ရုပ်သိမ်း

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နားက ရတနာလင်္ကာရဘုန်းကြီးကျောင်းမှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ကံကောင်းခြင်းရတနာသစ်အချောထည်စက်ရုံ အလုပ်သမား ၇၀၀ လောက်ဟာ စက်ရုံက လျော်ကြေးကို လက်ခံလိုက်ပြီး ဒီကနေ့ သပိတ်စခန်းကို ရုပ်သိမ်းလိုက်ပါတယ်။

စဉ့်ကိုင် ဆန္ဒပြ လုပ်သားတွေကို ဇွန်လ ၈ ရက်နေ့က တွေ့ရစဉ် Photo: Hset Paing Toe/RFA

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နားက ရတနာ လင်္ကာရဘုန်းကြီးကျောင်းမှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ကံကောင်းခြင်းရတနာသစ်အချောထည် စက်ရုံ အလုပ်သမား ၇၀၀ လောက်ဟာ စက်ရုံ က လျော်ကြေးကို လက်ခံလိုက်ပြီး ဒီကနေ့ သပိတ် စခန်းကို ရုပ်သိမ်းလိုက်ပါတယ်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက အလုပ်သမား ၁၄ ယောက်ကို တရားစွဲဆိုထားတာ ကိုလည်း ပယ်ဖျက်ပေးမယ်လို့  စက်ရုံ အမှုဆောင် ဒါရိုက်တာ ဦးထွန်းနိုင်ဦး က အခုလို ပြောပါတယ်။

"မတူကွဲပြားတဲ့အစု၊ အစုအဖွဲ့လေးလို့ပဲ ကျနော်မြင်ပါတယ်၊ ဒါကြီးကြီးမားမားတော့ မရှိပါဘူးနော်၊ အယူအဆလေးကွဲလွဲတာလည်းပဲ ရှိပါတယ် ၊ကိုယ့်စက်ရုံကို ဖျက်ဆီးရင်တော့ မကြိုက်ဘူးပေါ့ဗျာ ဒါပေမဲ့ ကျနော်တို့ ပြန်တွက်ကြည့်တော့ လည်း သူတို့လည်း သူတို့ ခံစားချက် သူတို့ရှိမှာပါ၊ ဒါ အားလုံး ကျနော်တို့ ခွဲသွားမဲ့အချိန်ကျတော့ အားလုံးဖြေလျော့လိုက်တာ အကောင်းဆုံးပါပဲ၊ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကနေ စွဲဆိုထားတဲ့ အမှှုတွေကတော့ ကျနော်ရုတ်သိမ်းပေးမယ်"

သစ်အချောထည် စက်ရုံအလုပ်သမားတွေကို လုပ်သက်အလိုက် အနည်းဆုံး ကျပ်တစ်သိန်းကနေ ဆယ်သိန်းကျော်အထိ လျော်ကြေးပေးခဲ့ကြောင်း သိရပါတယ်။ ကုမ္ပဏီက ဆန္ဒပြအလုပ်သမား ၇၀၀ ကျော်လောက်အတွက် ကျပ်သိန်း ၁၂၀၀ လောက် လျော်ကြေးပေးခဲ့ကြောင်း သိရပါတယ်။ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ မေလ ၂၁ရက်နေ့က အလုပ်ရှင် အလုပ်သမားသဘောတူစာချုပ်မှာ လက်မှတ်မထိုးကြတဲ့အတွက် အလုပ်ထုတ်ခံရသူတွေ ဖြစ်ပါတယ်။

စက်ရုံ အလုပ်သမား ကိုရဲဝင်းလတ်ကို သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org