မန္တလေး ကွန်ရက်အဖွဲ့များ ချိတ်ဆက်ကာ နွေရာသီပညာဒါန သင်တန်းဖွင့်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ကျောင်းမနေနိုင်တဲ့ ကလေးငယ်တွေ အတွက် လူငယ် ကွန်ရက် အဖွဲ့တွေက ဦးစီးပြီး နွေရာသီပညာဒါန သင်တန်းတခုကို မတ်လ ၁ ရက် ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်၊

မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်တွင် ကျောင်းမနေနိုင်သော ကလေးသူငယ်များအတွက် လူငယ်ကွန်ရက် အဖွဲ့များ ပူးပေါင်း ချိတ်ဆက်ကာ မတ်လ ၁ ရက်နေ့က ဖွင့်လှစ်သော နွေရာသီ ပညာဒါန သင်တန်း မြင်ကွင်း ဖြစ်ပါသည်။ (Photo: RFA Listener) Photo: RFA Listener

ဒီသင်တန်းကို ရဲရင့်နှလုံးသား လူမှုဖွံ့ဖြိုးရေးအသင်းက ကြီးမှူး ဆောင်ရွက်ခဲ့တာလို့ ဒီကျောင်းအတွက် အကူအညီ ပေးနေတဲ့ လူငယ်ကွန်ရက် အဖွဲ့ဝင် လူငယ်တဦးက ပြောပြပါတယ်၊

ဒီကနေ့ သင်တန်းစဖွင့်တဲ့နေ့မှာ စာရင်းလာပေးတဲ့ ကျောင်းသားကျောင်းသူ ၂၀၀ ခန့် ရှိတယ်လို့ သိရပါတယ်၊ ခုလိုနွေရာသီ ပညာဒါနအလှူအတွက် ဆောင်ရွက်ခဲ့တာ အခုနှစ်ပါဆိုရင် ၃ ကြိမ်ရှိပြီလို့ သိရပါတယ်။

ဒီသင်တန်းအတွက် လူငယ်ကွန်ရက်အဖွဲ့တွေ အချင်းချင်း ချိတ်ဆက် အကူအညီပေးပြီး ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သင်တန်းဖြစ်မြောက်ရေး အကူအညီပေးနေတဲ့ လူငယ်တဦးက ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး လူငယ်ကွန်ရက်အဖွဲ့ ဝင်တဦးကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org