မဏိပူရ်ထောင်က မြန်မာအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြမှု စတင်

မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာရှိတဲ့ မြန်မာအကျဉ်းသားတွေက သူတို့ကိုပြန်လွှတ်ပေးဖို့အတွက် စတင်ပြီး အစာငတ်ခံဆန္ဒပြနေကြတယ်လို့ ဇူလိုင် ၂၀ ရက်နေ့က အင်ဖာမြို့ကလာတဲ့ သတင်းက ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ အင်ဖာအကျဉ်းထောင်ကို တွေ့ရစဉ်။ e-pao.net

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာရှိတဲ့ မြန်မာအကျဉ်းသားတွေက သူတို့ကိုပြန်လွှတ်ပေးဖို့အတွက် စတင်ပြီး အစာငတ်ခံဆန္ဒပြနေကြတယ်လို့ ဇူလိုင် ၂၀ ရက်နေ့က အင်ဖာမြို့ကလာတဲ့ သတင်းက ဖော်ပြပါတယ်။

ဒီအကျဉ်းသားတွေဟာ နိုင်ငံခြားသားများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၄ အရ တရားရုံးက ပြစ်ဒဏ်ပေးထားတာဖြစ်တဲ့အတွက် သူတို့ကို ပြန်လွှတ်ပေးဖို့ ထောင်အာဏာပိုင်မှာ အခွင့်အာဏာမရှိကြောင်း မဏိပူရ်ပြည်နယ် ဗဟိုအကျဉ်းထောင်အကြီးအကဲက ပြောပါတယ်။

မြန်မာသံရုံးက သူတို့နဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို စိစစ်အတည်ပြုပြီးမှာသာ ဒီအကျဉ်းသားတွေကို မြန်မာနိုင်ငံကို ပြန်ပို့နိုင်မှာဖြစ်တယ်လို့ ထောင်အာဏာပိုင်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေကို မဏိပူရ်အစိုးရက လက်ရှိမြန်မာစစ်ကောင်စီလက်ထဲ ပြန်မပို့ဘဲ သူတို့ကို မူလဖမ်းဆီးခဲ့တဲ့ မိုရေးမြို့ကိုပဲ ပြန်လွှတ်ဖို့ တောင်းဆိုနေကြတာပါ။

သူတို့ရဲ့ ဒီတောင်းဆိုချက်တွေက မဏိပူရ်ပြည်နယ်အစိုးရရဲ့ မူဝါဒနဲ့ပဲ သက်ဆိုင်ပြီး အကျဉ်းထောင်အနေနဲ့ လုပ်ပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

သူတို့ကို အကျဉ်းထောင်ဥပဒေနဲ့အညီ အထွေထွေသုံးစွဲဖို့ သန့်ရှင်းလတ်ဆတ်တဲ့ ရေအလုံအလောက် ပေးထားတယ်လို့ ဆိုပါတယ်။

မဏိပူရ်ပြည်နယ်က ထိန်းသိမ်းရေးစခန်းတွေမှာ မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် မြန်မာနိုင်ငံက အထောက်အထားမဲ့ ဝင်ရောက်လာသူ ငါးထောင်ခန့် ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org