တပ်မတော်သားတစ်ဦး အပါအဝင် ၃ ဦး သေနတ်ပစ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန်လီကျေးရွာမှာ ဈေးဝယ်ပြီးပြန်လာတဲ့ တပ်မတော်သား တစ်ဦးအပါအဝင် ၃ ဦး သေနတ်နဲ့ အပစ်ခံရတာကြောင့် သေဆုံးခဲ့ပါတယ်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားတဲ့ တပ်မတော်သားနဲ့ သားဖြစ်သူ ကလေးငယ်ကို တွေ့ရစဉ် Photo: Wanna Aung's Facebook

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန်လီကျေးရွာမှာ ဈေးဝယ်ပြီးပြန်လာတဲ့ တပ်မတော်သား တစ်ဦးအပါအဝင် ၃ ဦး သေနတ်နဲ့ အပစ်ခံရတာကြောင့် သေဆုံးခဲ့ပါတယ်။

သေဆုံးသွားသူတွေဟာ ဈေးဝယ်ပြီး ဆိုင်ကယ်နဲ့ပြန်လာရာမှာ ပြောင်းခင်းထဲကနေ ချောင်းပစ်ခံရတာလို့ နမ့်လန် ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

"ချောင်းပစ်ခံရတာပါဗျ၊ သူတို့ ၃ ယောက်က ဆိုင်ကယ်နဲ့ လာတာဗျ၊ သူတို့က တပ်ကနေပြီးတော့ မန်လီရွာ ကိုသွားပြီး ဈေးမှာ ဈေးဝယ်ပြီးအပြန်မှာ ပြောင်းခင်းထဲကနေ ချောင်းမြောင်းပစ်သွားတာပါ၊ ဘယ်အဖွဲ့ကလည်း တော့ မသိသေးပါဘူး"

မနေ့က မန်လီကျေးရွာ ဈေးနေ့မှာ ဈေးဝယ်ပြီး ပြန်လာချိန် ညနေ ၅ နာရီ ဝန်းကျင်လောက်မှာ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

သေဆုံးသွားသူတွေကို နမ့်လန်ဆေးရုံမှာ ရင်ခွဲစစ်ဆေးနေပါတယ်။

ပစ်ခတ်သူကို စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးသွားတဲ့ တပ်မတော်သားကတော့ မန်လီရွာအနီးအခြေစိုက်တဲ့ ခမရ ၁၇ က တပ်ကြပ်ကြီးဖြစ်တယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် တပ်မတော်သားတစ်ယောက်နဲ့ သူ့ရဲ့ သားဖြစ်သူ အသက် ၆ နှစ်ကျော်အရွယ် ကလေးငယ်ဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ကာ ယောက္ခမဖြစ်သူကတော့ ဆေးရုံကို ခေါ်ဆောင်စဉ် လမ်းမှာ သေဆုံးခဲ့တာလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org