သပိတ်မှောက် ချီတက်ကျောင်းသားတွေ ပခုက္ကူမြို့ကို ရောက်ရှိ
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြနေတဲ့ မုံရွာမြို့ကနေ ထွက်လာကြတဲ့ သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေ နဲ့ ပခုက္ကူမြို့က သပိတ်အဖွဲ့နဲ့ ပူးပေါင်းလိုက်ကြပြီး ဒီနေ့ ပခုက္ကူ မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
-
2015-02-06 -
-
-
Your browser doesn’t support HTML5 audio
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြနေ တဲ့ မုံရွာမြို့ကနေထွက်လာကြတဲ့ သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေနဲ့ ပခုက္ကူမြို့က သပိတ်အဖွဲ့နဲ့ ပူးပေါင်းလိုက်ကြပြီး ဒီနေ့ ပခုက္ကူမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
မနက်ဖြန် ပခုက္ကူမြို့ကနေ ချောက်မြို့ကို ချီတက်ကြ မှာဖြစ်တယ်လို့ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဝေမိုးနိုင်က ပြောပါတယ်။
"ပခုက္ကူစစ်ကြောင်းနဲ့ပေါင်းပြီး မြို့တွင်းလှည့် ပြီးတော့ အခုပြန်နားနေပြီးခင်ဗျ၊ ကန့်ဘလူ က ကျောင်းသားတွေတော့ ကျနော်တို့နဲ့ လာပူးပေါင်းဖို့ဆိုပြီး သူတို့ဆက်သွယ်ထား တာရှိတယ်၊ မနက်ဖြန်ကတော့ ကျနော်တို့ ထပ်ပြီးတော့စစ်ကြောင်းချီဖို့ရှိတယ်၊ ချောက် အထိသွားမှာတော့ သေချာတယ်၊ ချောက် မြို့ကိုကျော်ပြီးတဲ့နောက်မှာ ဘယ်လိုလမ်းကြောင်း ဆက်သွားမလဲဆိုတာတော့ ကျနော်တို့ တိုင်ပင်နေ တုန်းပဲရှိသေးတယ်"
အလားတူ ဒီကနေ့မှာ ထားဝယ်က ကျောင်းသူ ကျောင်းသားတွေဟာ ထားဝယ်မြို့က တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့မှာ သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီအတောအတွင်း အမျိုးသားပညာရေး ဥပဒေကိုပြင်ဆင်ပေးဖို့ ဆန္ဒပြနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်တဲ့အပေါ်ဆန္ဒပြကျောင်းသား ကျောင်း သူတွေရဲ့ သဘောထားကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း ဒီထုတ်ပြန်ချက်အပေါ် မိဘဆရာတွေ၊ လေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကို RFA အဖွဲ့သူ မခက်မာ တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။