အာဇာနည်နေ့ အခမ်းအနား ကို နိုင်ငံ့ခေါင်းဆောင်များတက်ဖို့ တိုက်တွန်း

လာမယ့် ဇူလိုင်လ ၁၉ရက်နေ့မှာ ကျရောက်မယ့် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကို နိုင်ငံတော်အခမ်းအနား အဖြစ် ကျင်းပပေးဖို့ အရပ်ဘက်လူမှုအဖဲ့ွအစည်း ၄၀ ကျော် က မနေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာပြုလုပ်တဲ့ ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ အခမ်းအနားတစ်ခုကို တွေ့ရစဉ် Photo: AFP

လာမယ့် ဇူလိုင်လ ၁၉ရက်နေ့မှာ ကျရောက်မယ့် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကို နိုင်ငံတော်အခမ်းအနားအဖြစ် ကျင်းပပေးဖို့ အရပ်ဘက်လူမှုအဖဲ့ွအစည်း ၄၀ ကျော်က မနေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အဲဒီ ကြေညာချက်ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ကဗျာချစ်သူများအသင်းက ကိုဆောင်းခက အခုလို ပြောပါတယ်။

"အစိုးရကလည်း လျစ်လျူရှုထားတယ်၊ ဟိုးအရင်နှစ်တွေတုန်းက အစိုးရကိုယ်တိုင် သဘောၤတွေ၊ မီးသတ်ကားတွေက အဲဒီအချိန်မှာ ဘာပဲလုပ်နေနေရပ်ပြီးတော့ ဥသြဆွဲတာမျိုးတွေ၊ အားလုံးမတ်တပ်ရပ်ပြီး အလေးပြုတာမျိုးတွေ တညီတညွှတ်တည်းလုပ်ခဲ့ကြတယ်၊ အခုတော့ အစိုးရက ဒါကို အမေ့ခံပစ်ထားတယ်ဗျာ၊ အဲဒါ ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားသင့်တာပေါ့နော်"

ကြေညာချက်မှာ ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို  နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီချုပ်တို့ တက်ရောက်ဂါရဝပြုဖို့၊ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ ၁၀နာရီ ၃၇မိနစ်မှာ ပုဂ္ဂလိကနဲ့ နိုင်ငံပိုင်မီဒီယာတွေကနေ တစ်မိနစ်ကြာ သြဥဆွဲအသံလွှင့်ပေးဖို့၊ ဇူလိုင်လ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ အာဇာနည်ခေါင်းဆောင်တွေရဲ့ ကိုယ်ရေးရာဇဝင်နဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံပိုင် မီဒီယာတွေကနေ ထုတ်လွှင့်ပေးဖို့ ပါရှိပါတယ်။

အဲဒီအရပ်ဘက် လူမှုအဖဲ့ွအစည်းတွေက ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို စုပေါင်းကျင်းပသွား မှာဖြစ်တယ်လို့လဲ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org