အာဇာနည်နေ့ ထူးခြားချက်တချို့ မြင်တွေ့
လာမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမဲ့ အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ပြောကြားပါတယ်။
-
2012-07-16 -
-
-
အစိုးရက အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင်တွေအတွက် သီးသန့် အစီအစဉ်အဖြစ် ဂါရဝပြုဖို့ သတ်မှတ်ထားကြောင်း၊ အစီအစဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဂါရ၀ ပြုမှာ ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။
အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေချ ဂါရ၀ ပြုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရုံးချုပ်မှာ ကျင်းပမဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း သိရပါတယ်။
ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ဖို့အတွက် ဇူလိုင် (၁၈) ရက်နေ့မှာ ရန်ကုန်မြို့ကို ခေတ္တခဏ ပြန်လာမှာဖြစ်ပါတယ်။
ဒီနှစ်ကျင်းပမယ့် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ထူးခြားမှုတချို့ မြင်တွေ့ရကြောင်း စာရေးဆရာ မောင်ဝံသက ပြောပါတယ်။ NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းနဲ့ စာရေးဆရာ မောင်ဝံသကို ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာ နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။ | |
အသံဖိုင်ယူရန်။ |
တဆက်တည်းမှာဘဲ အာဇာနည် ခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဦးရာဇတ်ရဲ့သမီး သြစတြေးလျနိုင်ငံမှာ လက်ရှိ နေထိုင်လျက်ရှိတဲ့ ဒေါ်ခင်ခင်စိန်ကို ဦးခင်မောင်စိုးက ဆက်သွယ် မေးမြန်းခဲ့တာကိုလည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ | |
အသံဖိုင်ယူရန်။ |