အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် အပါအဝင် ၄ ဦး အမှုဖွင့်ခံရ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်နဲ့ မြန်မာနိုင် ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က တာဝန်ရှိသူ ၃ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။

ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ သြဂုတ်လ ၂ ရက်နေ့က ကျင်းပတဲ့ ထိုင်းရောက်မြန်မာ အလုပ်သမားအရေး သတင်းစာရှင်းလင်းပွဲတွင် MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ရှင်းလင်းတင်ပြနေစဉ် Photo: MAT/ Facebook

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် နဲ့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က တာဝန်ရှိသူ ၃ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က ပုဒ်မ ၂ ခုနဲ့ အမှုဖွင့် လိုက်ပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရဲစခန်းမှာ အာမခံလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၆၅ တို့နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

တရားဝင်ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေမှာ အသုံးပြုတဲ့ ဆင်းမ်ကဒ်တွေ နဲ့ အာမခံတွေကို မြန်မာအလုပ် သမားတွေကို ရောင်းချနေတာကြောင့် အမှုဖွင့်တာဖြစ်တယ်လို့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။

"ထိုင်းနဲ့ မလေးရှားနိုင်ငံကိုထွက်မယ့် အလုပ်သမားတွေကို နိုင်ငံတော်က တရားဝင်ခွင့်ပြုချက်မရှိဘဲနဲ့ ထိုင်းနိုင်ငံထုတ် ဆင်းမ်ကဒ်နဲ့ မလေးရှားနိုင်ငံထုတ် ဆင်းမ်ကဒ်ကို ရောင်းခဲ့တာ တစ်ချက် ၊ နောက်ပြီးတော့ ထိုင်းကိုထွက်မယ့်အလုပ်သမားတွေကို ထိုင်းနိုင်ငံထဲမှာ အလုပ်သမားတွေ လုပ်ငန်း ခွင်ထဲမှာ သွေးထွက် ဒဏ်ရာရ သေဆုံးမှုတွေအတွက်ဆိုပြီးတော့ အာမခံ ၂ နှစ် ရောင်းတယ်၊ အလုပ် သမားညွှန်ကြားရေးမှူးချုပ် နဲ့ ပူးပေါင်းပြီးတော့မှ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ ချုပ် MOEAF တို့ ပေါင်းပြီးတော့ ရောင်းခဲ့တာ ၂၀၁၅ ခုနှစ် ထဲကလေ၊ ဒါဟာဆိုလို့ရှိရင် ပြည်ပထွက်ခွာ မယ့် အလုပ်သမားတွေအပေါ်မှာ လုပ်ပိုင်ခွင့်ကို အကြောင်းပြပြီးတော့မှ မတရားခေါင်းပုံဖြတ်တာပေါ့၊ အဲဒါကို အကိုးအကား အထောက်အထား၊ အချက်အလက်တွေနဲ့ အမှုဖွင့်တင်ပြတာပါ။" လို့ ဦးကျော်သောင်း က ပြောပါတယ်။

ထိုင်းနိုင်ငံသွားမယ့် အလုပ်သမားတွေကို အာမခံကြေးအဖြစ် ထိုင်းဘတ်ငွေ ၅၀၀ (မြန်မာကျပ်ငွေ ၁ သောင်းခွဲ ) ကောက်ခံတာ ဖြစ်တယ်လို့ ပြောပါတယ်။
အာမခံလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၆၅ စတဲ့ ပုဒ်မ ၂ ခုလုံးဟာ ထောင် ဒဏ် ၅ နှစ်စီ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားတဲ့ပုဒ်မတွေ ဖြစ်ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ မြန်မာနိုင် ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က ဥက္ကဌ ဦးမင်းလှိုင်၊ အတွင်းရေးမှူး ဦးဝင်းထွန်းနဲ့ ဦးကျော်ထင်ကျော် စုစုပေါင်း ၄ ဦးကို အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org