၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း ရွေးကောက်ပွဲ ဝင်ရတဲ့ ရည်ရွယ်ချက်ရှင်းပြ
လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်တာဟာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ကို ထပ်မံထမ်းဆောင်ချင်လို့ မဟုတ်ကြောင်း ဝန်ကြီးချုပ်အဖြစ်ကနေ ပြီးခဲ့တဲ့ရက်ပိုင်း က နှုတ်ထွက်ခဲ့တဲ့ ဦးမောင်မောင်အုန်းက ဒီနေ့ ပြောပါ တယ်။
-
2015-08-27 -
-
-
လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်တာဟာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တာဝန်ကို ထပ်မံထမ်းဆောင်ချင်လို့မဟုတ်ကြောင်း ဝန်ကြီးချုပ်အဖြစ်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက နှုတ်ထွက်ခဲ့တဲ့ ဦးမောင်မောင်အုန်းက ဒီနေ့ ပြောပါတယ်။ ဒီနေ့ စစ်တွေမြို့မှာ မြို့ခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံစဉ်မှာ ဦးမောင်မောင်အုန်းက အခုလိုပြောခဲ့တာပါ။
"တချို့သောပုဂ္ဂိုလ်များက အထင်အမြင်လွဲမှားမှုတွေ ရှိနိုင်ပါတယ်၊ တချို့လည်း ဖေ့ဘုတ်တွေမှာ တွေ့ရ သလိုပေါ့နော် ကျနော် ရခိုင်ပြည်နယ်မှာ ဝန်ကြီးချုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့အတွက် နေရာ မဖယ်ပေးချင်လို့ ပြည်နယ်မှာပြိုင်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး၊ သို့သော်လည်း နိုင်ငံတော်ရဲ့ လိုအပ်ချက် အရ ပြည်သူတွေရဲ့ လိုအပ်ချက်အရ တာဝန်ပေးလာမယ့် ဘယ်တာဝန်ပေးပေး ကျနော်လုပ်ဖို့ ဆုံးဖြတ်ထား ပါတယ်"
ဦးမောင်မောင်အုန်းဟာ လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ရခိုင်ပြည်နယ် အမ်းမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေးပြဿနာတွေရှိနေတာကြောင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတွေဟာ ခက်ခဲတဲ့ဖြတ်သန်းမှုတွေဖြစ်တယ်လို့လည်း ဦးမောင်မောင်အုန်းက ပြောခဲ့ပါတယ်။