မောင်တောမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြန်ဖြစ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့အထိ နှစ်ဖက်အခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို နိုဝင်ဘာလ ၁၁ ရက်နေ့ညက ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့အထိ နှစ်ဖက်အခြေအနေ တင်းမာနေဆဲ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို နိုဝင်ဘာလ ၁၁ ရက်နေ့ညက ပြောပါတယ်။

အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ အောက်ခြေမှာ ညှိနှိုင်းနေတာတွေရှိပေမယ့် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၁ ရက် မနေ့ကလည်း မောင်တောမြောက်ပိုင်း မင်းခမောင်းနဲ့ ငါးရံ့ချောင်းကျေးရွာတွေဘက်မှာ တစ်နာရီနီးပါးကြာ သေနတ်သံတွေကြားရကြောင်း ဒေသခံတွေကပြောပါတယ်။

ဒါပေမဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခကတော့ ဒါဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲ ဖြစ်တာ မဟုတ်ဘဲ အခြားအဖွဲ့တစ်ခုခုနဲ့သာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက် နေ့လယ်ပိုင်းက မောင်တောမြို့နယ်မြောက်ပိုင်း ရေနောက်ငါးသားကျေးရွာနဲ့ ငါးမိုင်လောက်ဝေးတဲ့ တောင်တန်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီတိုက်ပွဲဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဖြစ်ပွားခဲ့တာ မဟုတ်ဘဲ ARSA အဖွဲ့နဲ့ ဖြစ်ပွားခဲ့တာလို့ နိုဝင်ဘာလ ၁၀ ရက်နေ့က ငြင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလကစလို့ အချိန် တစ်နှစ်ကြာ အပစ်အခတ်တွေ ရပ်စဲနေခဲ့ပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ပထမဆုံးအအကြိမ် နှစ်ဖက်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org