ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အကြမ်းဖက်မှာကိုစိုးရိမ်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ သူတို့အပေါ် တန်ပြန်အကြမ်းဖက်တာတွေ ပေါ်ပေါက်လာမှာ စိုးရိမ်နေကြတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
-
2017-09-21 -
-
-
မောင်တောမြို့ ကညင်တန်းရပ်ကွက်က မီးလောင်ထားတဲ့အိမ်တစ်လုံးကို ၂၀၁၇ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/RFA
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သူတို့အပေါ် တန်ပြန်အကြမ်းဖက်တာတွေ ပေါ်ပေါက်လာမှာ စိုးရိမ်နေကြတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
အထူးသဖြင့် မြန်မာနဲ့ နယ်စပ်အနီး ကောက်စ်ဘဇားဒေသမှာ ဒေသခံတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ ဘာသာစကားတူ၊ ယဉ်ကျေးမှုတူဖြစ်ကြလို့ ဗုဒ္ဓဘာသာဝင်တွေအပေါ် တိုက်ခိုက်လာမှာ စိုးရိမ်နေကြတာပါ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတုန်းကလည်း ကောက်စ်ဘဇားဒေသမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
အခုတော့ အရင်ကလို မဖြစ်ရအောင် ကောက်စ်ဘဇား အာဏာပိုင်တွေက ဗုဒ္ဓဘာသာဝင်တွေရှိရာ နေရာတွေကို လုံခြုံရေးအင်အား ၅၅၀ တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။