မောင်တောအရေး နေပြည်တော် မှာ ဆွေးနွေး

ရခိုင်ပြည်နယ်ဆိုင်ရာ အထူးအစည်းအဝေး ကို နိုင်ငံတော် သမ္မတအိမ်တော်မှာ မနေ့က ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စဆိုင်ရာ အထူးအစည်းအဝေးကို ဇွန်လ ၃၀ ရက်နေ့က နေပြည်တော်ရှိသမ္မတအိမ်တော်မှာ ကျင်းပစဉ် Photo: Myanmar President Office/ Facebook

ရခိုင်ပြည်နယ်ဆိုင်ရာ အထူးအစည်းအဝေးကို နိုင်ငံတော် သမ္မတအိမ်တော်မှာ မနေ့ကကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော် မရှင်တွေက သူတို့ဆောင်ရွက်ခဲ့ပုံတွေကို အစီရင်ခံခဲ့ကြသလို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေတွေနဲ့ ဆက်လက်ပြီး လုံခြုံရေးအတွက် ဆောင်ရွက်မယ့် အစီအစဉ်တွေကို တင်ပြခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပတ်သက်ပြီး တုန့်ပြန်ဆောင်ရွက်မည့် အစီအစဉ်တွေကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အထူးအစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးထင်ကျော်၊ ဒုတိယသမ္မတ ၂ ဦး၊ လွှတ်တော် ဥက္ကဌ ၂ ဦး၊ ပြည်ထောင်စုရှေ့နေချုပ်နဲ့ ဝန်ကြီးတချို့ တက်ရောက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org