မောင်တောမှာ စိတ်ကြွဆေးပြား နှစ်သန်း ခုနှစ်သိန်းကျော် ဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောမြို့ ရွှေစားကျေးရွာအုပ်စု ရွှေစားတံတားအနီးမှာ WY စိတ်ကြွဆေးပြား နှစ်သန်း ခုနှစ်သိန်း ကျော်ကို ဒေသလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့ ရွှေစားကျေးရွာအုပ်စု ရွှေစားတံတားအနီးမှာ ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ညက ဖမ်းဆီးရမိတဲ့ WY စိတ်ကြွဆေးပြားတွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့ ရွှေစားကျေးရွာအုပ်စု ရွှေစားတံတားအနီးမှာ WY စိတ်ကြွဆေးပြား နှစ်သန်း ခုနှစ်သိန်း ကျော်ကို  ဒေသလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ WY ဆေးတစ်ပြားကို ကာလပေါက်ဈေး ငွေကျပ် ၃ဝဝဝ ရှိပြီး မနေ့ညပိုင်းက ဖမ်းဆီးမိတဲ့တန်ဖိုးဟာ ငွေကျပ် သန်းပေါင်း ၈၃ဝဝ နီးပါးရှိတယ်လို့ သိရပါတယ်။

မနေ့ည ၇ နာရီကျော်အချိန်မှာ ရွှေစားတံတားအနီးမှာရှိနေတဲ့ မော်တော်ယာဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာမှာ စိတ်ကြွဆေးပြားတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး ယာဉ်မောင်းကတော့ ရွှေဇားကျေးရွာ အတွင်းကို ထွက်ပြေးသွားတယ်လို့ ပြောပါတယ်။

အဲဒီ WY စိတ်ကြွဆေးပြားတွေဟာ တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ပို့ဆောင်မယ့် ဂျင်းအိတ်တွေထဲမှာ ရောနှော ထည့်ထားတာဖြစ်တယ်လို့ ဒေသခံရဲအရာရှိတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ သြဂုတ်လ ၁၆ ရက်နေ့အထိ WY စိတ်ကြွဆေးပြားပေါင်း ၄ သန်းကျော် ဖမ်းဆီးရမိထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောထားတာရှိပြီး နောက်ထပ် စိတ်ကြွဆေး ၂ သန်း ၇ သိန်းကျော်ကို မနေ့က ထပ်မံဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ အဓိကတရားခံတွေကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org