မောင်တောမှာ WY ဆေးပြား ၇ သိန်းနီးပါး ဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သုံးမိုင်ကျေးရွာမှာ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၁ သောင်း ၃ ထောင်ကျော် တန်ဖိုးရှိတဲ့ WY စိတ်ကြွမူးယစ်ဆေးပြားအရေအတွက် ၇ သိန်းနီးပါးကို မောင်တောခရိုင် ရဲတပ်ဖွဲ့က ဒီနေ့ ဖမ်းဆီးရ မိခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့အနီးမှာ WY မူးယစ်ဆေးပြား ၇ သိန်းနီးပါးကို စက်တင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးရမိစဉ် ဓါတ်ပုံ - မောင်တောခရိုင်ရဲတပ်ဖွဲ့

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သုံးမိုင်ကျေးရွာမှာ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၁ သောင်း ၃ ထောင်ကျော် တန်ဖိုးရှိတဲ့ WY စိတ်ကြွမူးယစ်ဆေးပြားအရေအတွက် ၇ သိန်းနီးပါးကို မောင်တောခရိုင် ရဲတပ်ဖွဲ့က ဒီနေ့ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီမူးယစ်ဆေးဝါးတွေကို သဲတင်ကားပေါ်က သဲထဲမှာမြုပ်ထားတာကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ် လို့ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦးက ပြောပါတယ်။

"မောင်တောမြို့နဲ့ သုံးမိုင်အကွာကရွာအနီးမှာ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးဆောင်ရွက်နေတဲ့ ကွင်းထဲက ကားပေါ်မှာ သဲတွေနဲ့ဖုံးပြီး တင်ထားတာပေါ့လေ၊ အဲ့သဲတွေကိုဖယ်ပြီးကျနော်တို့ရှာတော့ ဆာလာအိတ် ၃ အိတ်ထွက်လာတယ်၊ ဆာလာအိတ်ကိုဖွင့်ဖောက်စစ်ဆေးတော့ မူးယစ်ဆေးဝါးအထုပ် ၇၀ တွေ့တယ်၊ အပြားကအားလုံးစုစုပေါင်း ခြောက်သိန်းရှစ်သောင်း နှစ်ထောင့်ငါးရာ၊ တန်ဖိုးကတော့ သိန်းပေါင်းတစ်သောင်းသုံးထောင်ခြောက်ရာငါးဆယ်၊ မောင်တောခရိုင်ရဲတပ်ဖွဲ့ကနေ မနက် ၁၀ နာရီမှာမိတာပေါ့"

အဲဒီမူးယစ်ဆေးဝါးတွေဟာ သုံးမိုင်ကျေးရွာ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးကွင်းကနေ လသာကျေးရွာကို သယ်ယူဖို့ ပြင်ဆင်တာ ဖြစ်တယ်လို့ ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦး က ပြောပါတယ်။

အဲ့ဒီအမှုနဲ့ဆက်နွယ်ပြီး သဲတင်ကားမောင်းသူနဲ့ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးကွင်း လုပ်ငန်းစာရေး ကို ဖမ်းဆီးထားသလို ကားပိုင်ရှင်နဲ့ ကွင်းပိုင်ရှင်ကို လိုက်လံရှာဖွေနေတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ သြဂုတ်လ ၂၂ ရက်နေ့အထိ စိတ်ကြွဆေးပြား အရေအတွက် သိန်း ၃ဝ ကျော် ဖမ်းဆီးရမိခဲ့ပြီး ဆေးခြောက်နဲ့ အခြားမူးယစ်မှုပေါင်း ၁၂ဝ ကျော်နဲ့ တရားခံပေါင်း ၁၆ဝ ကျော်ကို အရေးယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေမှာရှိတဲ့ ကုန်တန်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က WY မူးယစ်ဆေးပြား အလုံးရေ ၂၂ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org