မောင်တောမှာ သေဆုံးသူ ၁ဝဝ ကျော်ရှိဟု ရိုဟင်ဂျာတွေပြောကြား
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အစိုးရတပ်ဖွဲ့တွေရဲ့ လတ်တလော စစ်ဆင်ရေးတွေအတွင်း အသက်ဆုံးရတဲ့ ရိုဟင်ဂျာမွတ်စလင်ဦးရေ အနည်းဆုံး ၁၅ဝ ရှိတယ်လို့ ARNO ခေါ် ရခိုင်ရိုဟင်ဂျာအစည်းအရုံး ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကိုလင်း ဆိုသူက ဗုဒ္ဓဟူးနေ့မှာ ပြော ဆိုကြောင်း နောက်ဆုံးရ အေပီ သတင်းမှာဖေါ်ပြထား ပါတယ်။
-
2016-11-16 -
-
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အစိုးရတပ်ဖွဲ့တွေရဲ့ လတ်တလော စစ်ဆင်ရေးတွေအတွင်း အသက်ဆုံးရတဲ့ ရိုဟင်ဂျာမွတ်စလင်ဦးရေ အနည်းဆုံး ၁၅ဝ ရှိတယ်လို့ ARNO ခေါ် ရခိုင်ရိုဟင်ဂျာအစည်းအရုံး ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကိုလင်း ဆိုသူက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုကြောင်း နောက်ဆုံးရ အေပီ သတင်းမှာဖေါ်ပြထား ပါတယ်။ နိုင်ငံတကာသတင်းထောက်တွေနဲ့ ကူညီရေးအဖွဲ့တွေကို အဲဒီဒေသသွားခွင့်မပေးတာဟာ မြန်မာစစ်တပ် က သူတို့သတ်ဖြတ်နေတာတွေကို လူသိမှာစိုးလို့ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
နေဆန်းလွင်ဆိုတဲ့ အင်တာနက်က သတင်းဖြန့်သူ ဘလော့ဂါတဦးကလည်း သေဆုံးသူ ကျေးရွာသားအလောင်း ၁ဝဝ ကျော်ကိုတွေ့ရတယ်လို့ ဒေသခံတွေထံက သတင်းရကြောင်း ပြောပါတယ်။ အကြမ်းဖက်သမားတွေ က ကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ အစိုးရကဘက်ကပြောပြီး လူ့အခွင့်ရေးအဖွဲ့တွေကတော့ အဲဒီလုပ်ရပ်တွေကို အစိုးရတပ်ဖွဲ့တွေက ကျူးလွန်တာဖြစ်တယ်လို့ ပြောနေကြပါတယ်။