မောင်တောနဲ့ ဘူးသီးတောင်မှာ စာသင်ကျောင်းတွေ ပိတ်ထား

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မနေ့က နယ်ခြားစောင့်ရဲကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ ရတဲ့ကိစ္စကြောင့် မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်မှာရှိတဲ့ အခြေခံပညာစာသင်ကျောင်း အားလုံးကို ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်း က ပြောပါ တယ်။

ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မနေ့က နယ်ခြားစောင့်ရဲကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ကိစ္စကြောင့် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ အခြေခံပညာစာသင်ကျောင်းအားလုံးကို ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်း က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က စတင်စစ်ဆေးခဲ့တဲ့ နှစ်ဝက်စာမေးပွဲတွေကိုလည်း ရပ်နားလိုက်ရသလို ဆရာ၊ ဆရာမတွေကို လုံခြုံတဲ့နေရာတွေဆီ ပြောင်းရွှေ့ပေးထားတယ်လို့လည်း ဆိုပါတယ်။

စာသင်ကျောင်းတွေကို အခြေအနေတွေ တည်ငြိမ်တဲ့အချိန်ကျမှ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှာ ဖြစ်တယ်လို့လည်း ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်က နယ်ခြားစောင့်ရဲစခန်းသုံးခု မနေ့က အကြမ်းဖက် စီးနင်းခံရမှုမှာ အကြမ်းဖက် တိုက်ခိုက်သူ ၈ ဦးကို အသေရမိပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပါတယ်။

ဒါ့အပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး ပျောက်ဆုံးခဲ့ကာ လက်နက်ပေါင်းစုံ ၅၁ လက်နဲ့ ကျည်ဆံ တစ်သောင်းကျော် ပျောက်ဆုံးခဲ့တယ်လို့ ရဲချုပ် ဇော်ဝင်းက မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီနေ့ မောင်တောမြို့ရဲ့ အခြေအနေကတော့ လူသွားလူလာတွေနည်းနေသလို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက လမ်းတစ်ချို့ကို ပိတ်ထားပြီး ပျောက်ဆုံးသွားတဲ့ လက်နက်တွေ ပြန်လည်ရရှိရေးအတွက် နယ်မြေရှင်း လင်းရေးတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org