မောင်တောကို ကယ်ဆယ်ရေးပစ္စည်း ပို့ခွင့်မရကြောင်း ကုလပြောကြား

ရခိုင်ပြည်နယ် မောင်တောဒေသကို အစားအစာနဲ့ ဆေးဝါးအကူအညီတွေပေးဖို့ သွားရောက်တဲ့ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေကို မြန်မာ အာဏာပိုင်တွေက ဟန့်တားပိတ်ပင်နေတယ်လို့ ကုလသမဂ္ဂ အရာရှိတဦးက ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မောင်တောဒေသကို အစားအစာနဲ့ ဆေးဝါးအကူအညီတွေပေးဖို့ သွားရောက်တဲ့ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေကို မြန်မာအာဏာပိုင်တွေက ဟန့်တားပိတ်ပင်နေတယ်လို့ ကုလသမဂ္ဂ အရာရှိတဦးက ပြောကြား လိုက်ပါတယ်။

အဲဒီဒေသကို တိုက်ပွဲဖြစ်ပွားရာဒေသအဖြစ် ကြေညာထားပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီတွေ ပို့ဆောင်နိုင်ခြင်းမရှိဘူးလို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနိုင်းဆောင်ရွက်ရေးရုံးအရာရှိ Pierre Peron ကပြောပါတယ်။

ဒေသခံ ရိုဟင်ဂျာခေါင်းဆောင်တဦးက ကျေးရွာ ၂၁ ရွာက ရွာသူရွာသား ၉ဝဝဝ ခန့် အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ပြောဆိုကြောင်းနဲ့ မောင်တောကနေ စစ်တွေကို ကလေးငယ်လေးဦးနဲ့ ထွက်ပြေးလာတဲ့ ဒုက္ခသည်အမျိုးသမီးတဦးကလည်း သူ့ဒေသကို မပြန်ရဲတော့ဘူး အခြေအနေတွေက အရင်ကဖြစ်ပွားခဲ့တဲ့ ဆူပူ မှုတွေနဲ့ မတူတော့ဘူး၊ မွတ်စလင်တွေ လက်ထဲမှာ အခု လက်နက်တွေရှိနေပြီလို့ ပြောကြောင်း ရိုက်တာသတင်း မှာ ဖေါ်ပြထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org