ဘူးသီးတောင်နဲ့ မောင်တောမှာ စိတ်ကြွဆေးပြား အများအပြား သိမ်းဆည်းရမိ

ရခိုင်ပြည်နယ် ဘူးသီးတောင် နဲ့ မောင်တောမြို့တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား အလုံးရေ ၁၄ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖမ်းဆီးရမိထားတဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားထုတ်တွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား အလုံးရေ ၁၄ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်တွေမြို့ကနေ ထွက်ခွာလာတဲ့ အောင်သူဟိန်း ရေယာဉ်နဲ့ မောင်တောမြို့နေအိမ်တစ်ခုကနေ ဖမ်းဆီးရမိခဲ့တာလို့ ဘူးသီးတောင်မြို့ပေါ်မှာ တာဝန်ကျနေတဲ့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"မိတာပေါ့ဗျာ ၁ဝ သိန်းနဲ့ ၄ သောင်း ၊ အဲ့ဒီကနေ အမှတ်အသားပါတဲ့အတွက် ကျနော်တို့က ချက်ချင်းမောင်တောမြို့ကိုလိုက်ရတယ်၊ အဲ့ဒီမောင်တောမြို့ကိုလိုက်ပြီးတော့ စုံစမ်းပြီးတော့ အဲ့ဒီအိမ်ကိုရှာတဲ့အချိန်မှာ ဆေးပြား ၃ သိန်း ၃ သောင်း ၆ ထောင် ဖမ်းမိတယ်၊ နောက်ပိုင်းတော့ အဲ့ဒီအမှုနဲ့ပတ်သက်တဲ့ တရားခံတွေကတော့ ထွက်ပြေးသွားကြတာပေါ့ဗျာ၊ အဲ့ဒီတရားခံကိုလည်း ဖမ်းဆီးဖို့အတွက် ကျနော်တို့က ကြိုးစားနေရတုန်းရှိပါတယ်"

အခုဖမ်းဆီးရမိမှုဟာ မောင်တောခရိုင်အတွင်းမှာ ပမာဏအများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေဟာ ကာလတန်ဖိုး ဆေးပြားတစ်ပြားကို ကျပ်နှစ်ထောင်နှုန်းနဲ့ တွက်ချက်ရင် ငွေကျပ် သိန်းပေါင်း နှစ်သောင်းရှစ်ထောင်ကျော် တန်းဖိုးရှိကြောင်းလည်း သိရပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကွင်းဆက်တွေကို ခေါ်ယူစစ်ဆေးနေတာတွေရှိပေမယ့် အဓိကတရားခံတွေကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီအမှုနဲ့ဆက်နွယ်နေသူ နှစ်ဦးကို စစ်တွေမြို့မှာ ဒေသခံရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပြီး ဒီနေ့ ဘူးသီးတောင်မြို့ကို ပို့ဆောင်လိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org