ကာလတန်ဖိုး ၁၃ ဘီလီယံကျော် WY ဆေးပြားတွေ မောင်တောမှာ ဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ကာလ တန်ဖိုး ငွေကျပ် ၁၃ ဘီလီယံကျော်တန်ဖိုး ရှိတဲ့ WY စိတ်ကြွမူးယစ် ဆေးပြားအရေအတွက် သိန်း ၇၀ နီးပါးကို မောင်တောခရိုင်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့မှာ စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးရမိတဲ့ WY စိတ်ကြွမူးယစ်ဆေးတွေကို တွေ့ရစဉ် Photo: Aung Ko Ko Facebook

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ကာလတန်ဖိုး ငွေကျပ် ၁၃ ဘီလီယံကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွ မူးယစ် ဆေးပြားအရေအတွက် သိန်း ၇၀ နီးပါးကို မောင်တောခရိုင်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီမူးယစ်ဆေးပြားတွေကို လသာကျေးရွာနဲ့ သုံးမိုင်ရွာ နှစ်နေရာမှာခွဲပြီး တွေ့ရှိခဲ့တာလို့ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦး က ပြောပါတယ်။

"မောင်တောမြို့နယ် လသာရွာမှာ မိတာက ခြောက်သိန်းရှစ်သောင်းနှစ်ထောင့်ငါးရာ၊ ငွေတန်ဖိုး အားဖြင့်တော့ ကျပ်သိန်းပေါင်း ၁ သိန်း ၃ သောင်း၊ တရားခံ ကျားတစ်ဦး၊ မတစ်ဦး၊ ညနေ ၅ နာရီခွဲမှာပဲ သုံးမိုင်ကျေးရွာမှာ အုတ်ပုံထဲမှာဝှက်ထားတဲ့ အထုပ်ကိုတွေ့တယ်၊ မူးယစ်ဆေးဝါး ၆၂ သိန်းကျော်ပေါ့၊ ငွေ တန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၁ သိန်း ၂ သောင်းကျော်ပေါ့"

သုံးမိုင်ကျေးရွာမှာရှိတဲ့ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးကွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က WY စိတ်ကြွမူးယစ်ဆေးပြား ၇ သိန်းနီးပါးကို တွေ့ရှိခဲ့ပြီးတဲ့နောက် နောက်ထပ် ဆေးပြားအရေအတွက် ၆၂ သိန်းကျော်ကို ကွင်းဆက်အနေနဲ့ မနေ့က ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လသာကျေးရွာမှာ ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေနဲ့ ဆက်နွယ်ပြီး အိမ်ပိုင်ရှင် အမျိုးသမီးနဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပါတယ်။

မနေ့က မောင်တောမြို့မှာ ဖမ်းဆီးရမိတဲ့ WY စိတ်ကြွမူးယစ်ဆေးပြားတွေဟာ ရခိုင်ပြည်နယ်မှာ ဖမ်းဆီးရမိသမျှ မူးယစ်ဆေးပြားအရေအတွက်ထဲမှာ အများဆုံးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org