မဝင်းမော်ဦး ၂၇ နှစ်ပြည့်ဆွမ်းကပ်၊ အမျှမဝေသေး

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်လမ်းနဲ့ ဆူးလေလမ်းထောင့်နားမှာ စစ်တပ် ရဲ့ပစ်ခတ်ဖြိုခွဲမှုကြောင့် ကျဆုံးခဲ့တဲ့ ကျောင်းသားနဲ့ ရဟန်းရှင်လူပြည်သူတွေထဲက မဝင်းမော်ဦးအတွက်ကို ကျန်ရစ်သူမိဘတွေက လှိုင်သာယာမြို့နယ်က နေအိမ်မှာ ဒီနေ့မနက်က အခမ်းအနားပြုလုပ်ပြီး သံဃာတွေကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်လမ်းနဲ့ ဆူးလေလမ်းထောင့်နားမှာ စစ်တပ်ရဲ့ပစ်ခတ်ဖြိုခွဲမှုကြောင့် ကျဆုံးခဲ့တဲ့ ကျောင်းသားနဲ့ ရဟန်းရှင်လူပြည်သူတွေထဲက မဝင်းမော်ဦးအတွက်ကို ကျန်ရစ်သူမိဘတွေက လှိုင်သာယာမြို့နယ်က နေအိမ်မှာ ဒီနေ့မနက်က အခမ်းအနားပြုလုပ်ပြီး သံဃာတွေကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။

သမီးဖြစ်သူသေဆုံးခဲ့ရတာ ၂၇ နှစ်ပြည့်ပေးမယ့် မမေ့နိုင်တဲ့အကြောင်းနဲ့ သမီးမကွယ်လွန်ခင်က မှာခဲ့တဲ့အတိုင်း အမျှမဝေသေးဘူးလို့ မဝင်းမော်ဦးရဲ့ မိခင်ဒေါ်ခင်ဌေးဝင်းက RFA ကိုပြောပါတယ်။

"ဘုန်းကြီးဆွမ်းကပ်တယ်ပေါ့နော် အခမ်းအနားလည်းလုပ်တယ်၊ ဒီမိုကရေစီမရလို့ဆိုပြီးတော့ ရခဲ့ရင် သမီးနာမည်ခေါ်ပြီးတော့ အမျှဝေပေးပါလို့ အဖေကတိပေးပါဆိုပြီးတော့ အဖေကို ကတိတောင်းသွားတယ်၊ အခုသူပြောသွားတဲ့အတိုင်းပဲပေါ့နော် အရင်တုန်းက အမျှလည်းမဝေပေးဘူး၊ လာတာကတော့ ဒီမိုကရေစီအင်အားစုတွေပေါ့နော်"

သူတို့ရဲ့ ဆွမ်းကပ်လှူပွဲကို အရပ်ဝတ်ထောက်လှမ်းရေးတွေကလည်း လာစောင့်ကြည့်ကြတယ်လို့ ဒေါ်ခင်ဌေးဝင်း ကပြောပါတယ်။

မဝင်းမော်ဦးဟာ ၁၉၈၈ ခုနှစ်က အလက (၄) ကြည့်မြင်တိုင်မှာ အဌမတန်းတက်နေတဲ့ ကျောင်းသူဖြစ်ပြီး၊ စစ်တပ်ကအာဏာသိမ်းပြီး နောက်တစ်နေ့ချီတက်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကိုင်ရင်း သေနတ် ကျည်ဆန်ထိမှန်ပြီး၊ ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်က မဝင်းမော်ဦးနဲ့အတူ ချီတက်ကြသူတွေထဲမှာ ကျောင်းသား ၁၇ ယောက် ကျည်ဆန်ထိမှန်ပြီး၊ အဲ့ဒီထဲက ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မဝင်းမော်ဦးရဲ့ မိခင်ဒေါ်ခင်ဌေးဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org