အလှမယ် မေမြတ်နိုးက ကိုရီးယားများ ကို ပြန်တောင်းပန်ခိုင်း

တောင်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ ၂ဝ၁၄ ခု အာရှနဲ့ ပစိဖိတ်မယ်ရွေးပွဲမှာ အလှမယ် ဘွဲ့ ဆွတ်ခူးရရှိခဲ့တဲ့ မေမြတ်နိုးက သူ့အပေါ်နာမည် ပျက်အောင် မဟုတ်မမှန်စွပ်စွဲတဲ့ ပြိုင်ပွဲစီစဉ်သူ ကိုရီးယား အရာရှိတွေအနေနဲ့ တောင်းပန်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

၂ဝ၁၄ ခုနှစ် အာရှနဲ့ ပစိဖိတ်မယ်ရွေးချယ်ပွဲမှာ အလှမယ်ဘွဲ့ ဆွတ်ခူးရရှိခဲ့တဲ့ မေမြတ်နိုးကို တွေ့ရစဉ် Photo: May Myat Noe / Facebook

တောင်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ ၂ဝ၁၄ ခု အာရှနဲ့ ပစိဖိတ်မယ်ရွေးပွဲမှာ အလှမယ်ဘွဲ့ ဆွတ်ခူးရရှိခဲ့ တဲ့ မေမြတ်နိုးက သူ့အပေါ်နာမည်ပျက်အောင် မဟုတ် မမှန်စွပ်စွဲတဲ့ ပြိုင်ပွဲစီစဉ်သူ ကိုရီးယား အရာရှိတွေအနေ နဲ့ တောင်းပန်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

မေမြတ်နိုးဟာ ပြီးခဲ့တဲ့မေလက အလှမယ်ဘွဲ့ရရှိပြီးနောက် ပိုင်းမှာ K-Pop အဆိုတော် သရုပ်ဆောင်တစ်ဦး ဖြစ်လာဖို့ သင်တန်းတက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းတစ်ပတ်ကတော့ သူ့ကိုရိုးသားမှုမရှိလို့ မယ်ဘွဲ့ပြန်ရုပ်သိမ်းကြောင်း၊ ဒီနောက် ဒေါ်လာသိန်းချီ တန်တဲ့ သရဖူကိုယူပြေးပြီး ရှောင်တိမ်းနေကြောင်း ပြိုင်ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ David Kim က စွပ်စွဲကြေညာ ခဲ့ပြီး နိုင်ငံတကာသတင်းစာတွေက ဖေါ်ပြခဲ့ကြပါတယ်။

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး မေမြတ်နိုးက မနေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းပွဲ ပြုလုပ်ပြီး၊ အဲဒီစွပ်စွဲချက်တွေဟာ အလိမ်အညာတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ဖို့  ပြိုင်ပွဲစီစဉ်သူ ကိုရီးယား အရာရှိတွေ အနေနဲ့ ပြန်ပြီးတောင်းပန်မှ သရဖူကို ပြန်ပေးမယ် လို့ ပြောသွားပါတယ်။

အစပထမက သူ့ကို အဆိုတော်တစ်ဦးအဖြစ် တောင်ကိုရီးယားမှာ သုံးလနေထိုင်နိုင်အောင် ကျကျနနစီစဉ်ပေးမယ်လို့ စာချုပ်ချုပ်ပြီး တကယ်ရောက်သွားတဲ့အခါ အစီအစဉ်လုပ်မထားကြောင်း၊ ပြိုင်ပွဲပြီးတော့ တစ်ကိုယ်လုံးပြန်ပြီး ခွဲစိတ်ပြုပြင်ဖို့ အတင်းတိုက်တွန်းတာကို သူငြင်းဆန်ခဲ့ကြောင်း၊ David Kim ပြောသလို ဒေါ်လာ ၁ဝဝဝဝ အကုန်ခံပြီး ခွဲစိတ်ကုသမှုတွေ လုပ်တယ်ဆိုတာလဲ မဟုတ်မှန်ကြောင်း ပြောသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org