MDCF အဖွဲ့ဝင် နှစ်ဦး ထောင်ဒဏ် ၆ လစီ ချမှတ်ခံရ

ပြည်ထောင်စုအစိုးရအစိုးရအယုံအကြည် မရှိကြောင်း စာရွက်တွေလိုက်ဝေခဲ့တဲ့ အတွက် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF က အဖွဲ့ဝင် ကိုတင်မောင်ကြည်နဲ့ ဦးဇော်ဝင်းတို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက ဒီနေ့ ထောင် ဒဏ် ၆ လစီ ချမှတ်လိုက် ပါ တယ်။

MDCF ခေါင်းဆောင် ကိုထင်ကျော်ပါ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ဖို့ ဇွန်လ ၂၃ ရက်နေ့က တောင်ဥက္ကလာပ တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြစဉ် Photo: Kyaw Zaw Win, Kyaw Htoon Naing/RFA

ပြည်ထောင်စုအစိုးရအစိုးရအယုံအကြည်မရှိကြောင်း စာရွက်တွေလိုက်ဝေခဲ့တဲ့အတွက် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF က အဖွဲ့ဝင် ကိုတင်မောင်ကြည်နဲ့ ဦးဇော်ဝင်းတို့ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ မင်္ဂလာတောင် ညွန့်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လစီ ချမှတ်လိုက် ပါ တယ်။

အမိန့်ချလိုက်တာနဲ့ပတ်သက်ပြီး တရားရုံးကို သွားရောက် ခဲ့တဲ့ MDCF အဖွဲ့ဝင် ဦးသန့်ဇင်က အခုလိုပြောပါတယ်။

"ကိုတင်မောင်ကြည်နဲ့ ဦးဇော်ဝင်းတို့ ၅၀၅ (ခ) နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှှုနဲ့ မင်္ဂလာတောင်ညွန့် တရားရုံးက ၁၀ နာရီ ၄၅ မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လအထိချလိုက်ပါ တယ်ခင်ဗျ"

ပြီးခဲ့တဲ့ မေလအတွင်းက ဒီမိုကရေစီအရေး စဉ်ဆက် မပြတ်လှုပ်ရှားမှုအဖွဲ့ဟာ ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်းနဲ့ ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ လက်ကမ်းစာစောင်တွေကို မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း စတဲ့ မြို့နယ် ၁၁မြို့နယ်မှာ လိုက်ဝေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုစာရွက်တွေလိုက်ဝေခဲ့တဲ့အတွက် MDCF ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု နဲ့ တောင်ဥက္ကလာပမြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ် ၆လ ချမှတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org