မန္တလေးမှာ မူးယစ်ဆေးရောင်းဝယ်သူတွေကို ဖမ်းဆီး

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်က ကျူးတဲအချို့နဲ့ စည်ပင်သာယာက ဌားရမ်းပေးထားတဲ့ အဌားအိမ်ယာတွေမှာနေထိုင်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေကို ရဲတပ်ဖွဲ့က ဒီနေ့ ဝင်ရောက်ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် စည်ပင် အငှားအိမ်ယာတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ရဲတပ်ဖွဲ့က ၂၀၁၈၊ သြဂုတ် ၂၀ ရက်နေ့က ဝင်ရောက်ဖမ်းဆီးစဉ် Photo: Khaymani Win/ RFA

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်က ကျူးတဲအချို့နဲ့ စည်ပင်သာယာက ဌားရမ်းပေးထားတဲ့ အဌားအိမ်ယာတွေမှာနေထိုင်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေကို ရဲတပ်ဖွဲ့က ဒီနေ့ ဝင်ရောက်ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။

ဒီနေ့ဖမ်းဆီးရာမှာ ရောင်းဝယ်သုံးစွဲသူလို့ ယူဆရတဲ့ အမျိုးသား ၈ ဦးခန့်နဲ့ ဆေးပြားတချို့ကို ဖမ်းဆီးရမိခဲ့ပေမယ့် လတ်တလောဆောင်ရွက်နေတဲ့ အခြေအနေတွေကို ပြန်လည်ဖြေကြားပေးလို့ မရသေးကြောင်း အထက်မြန်မာပြည် မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

"အကုန်လုံးပြီးမှပဲပြောပါမယ်။ လောလောဆယ်တော့ ဆောင်ရွက်နေတာ မပြီးသေးလို့ပါ"

အောင်မြေသာစံမြို့နယ်က ဧရာဝတီမြစ်ကမ်းဘေးဟာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး နာမည်ကြီးနေတဲ့ နေရာတစ်ခုဖြစ်သလို အဲ့ဒီနေရာမှာ မူးယစ်ဆေးဝါးတွေ လွတ်လွတ်လပ်လပ် ရောင်းချနေတာကို မနေ့က မနက်ပိုင်းမှာ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီနေရာတွေကို မူးယစ်ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကလည်း မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းက ကံကြီးကုန်းကျေးရွာကွက်သစ်နဲ့ ဇီးအုပ်ကျေးရွာကွက်သစ်အတွင်းမှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေတဲ့ ရုပ်သံဖိုင်တွေ လူမှု့ကွန်ယက်မှာ တက်လာပြီးနောက်ပိုင်း အဲ့နေရာအနီးက နေအိမ် အလုံး ၃၀ကျော်ကို ဝင်ရောက် ရှင်းလင်းခဲ့ပါတယ်။

ဒီနေ့ စစ်ဆေးမှု့မှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org