တိုင်းနဲ့ ပြည်နယ်ပိုင်ပစ္စည်း ရောင်းချခြင်းဆိုင်ရာ ဥပဒေကြမ်းရေးဆွဲဖို့ အတည်ပြု
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ရောင်းချခြင်းနဲ့ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ရေးဆွဲပေးဖို့ တိုင်းအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ မန္တလေးတိုင်းဒေ သကြီး လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
-
2017-12-08 -
-
-
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ရောင်းချခြင်းနဲ့ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း တစ်ရပ်ရေးဆွဲပေးဖို့ တိုင်းအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
တိုင်းဒေသကြီးအစိုးရက ပိုင်ဆိုင်တာတွေကို ရောင်းချခြင်း၊ ငှားရမ်းခြင်း ပြုလုပ်ရာမှာ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တင်သွင်းခဲ့တာဖြစ်တယ်လို့ အဆိုရှင်ဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် က ပြောပါတယ်။
"နိုင်ငံတော်ပိုင်ပစ္စည်းဖြစ်တယ်ဆိုတာလည်း ခွဲခွဲခြားခြားသိမယ်၊ နောက်ခွဲခွဲခြားခြား သိတဲ့အပြင် ရောင်းမယ် ဆိုလည်း ဥပဒေနဲ့ပဲ ရောင်းလို့ရမယ်၊ ငှားမယ်ဆိုရင်လည်း ဥပဒေအရပဲ ငှားလို့ရမယ်၊ အခြားနည်းတစ်စုံတရာနဲ့ လွှဲပြောင်းတယ်၊ အခြားနည်းတစ်စုံတရာဆိုတာ ရောင်းတာပေါင်တာ မဟုတ်ဘဲနဲ့ လုပ်ခဲ့မယ်ဆိုရင် ဥပဒေနဲ့ပဲ လုပ်လို့ရတယ်"
တိုင်းဒေသကြီး ပြည်နယ်က ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ရောင်းချခြင်း၊ ငှားရမ်းခြင်းနဲ့ အခြားနည်းဆောင်ရွက်ခြင်း ဆိုင်ရာဥပဒေတစ်ရပ်ပေါ်ပေါက်မှသာ ပြည်ထောင်စုကပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရ က ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ကွဲကွဲပြားပြား သိရှိလာနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီ ဥပဒေကြမ်းကို သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂) ပါ၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ အမှတ်စဉ် ၁(ဆ) အရ ရေးဆွဲခွင့်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ ဥပဒေကြမ်းရေးဆွဲပြဌာန်းနိုင်ဖို့အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုတင်ပြခဲ့ရာ ဒီဥပဒေကြမ်းရေးဆွဲပြဌာန်းရန် သင့် မသင့် ကိစ္စရပ်နဲ့ ပတ်သက်ပြီး ခုံရုံးကဆုံးဖြတ်ပေးရန် တာဝန်မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကို ပြန်ကြားခဲ့ပြီးဖြစ်ပါတယ်။