မတ္တရာမြို့နယ် မြောက်တံငါ တပ်စခန်းကို မန္တလေး PDF သိမ်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြောက်တံငါ တပ်စခန်းကို အပြီးသတ်သိမ်းယူလိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး)က ဇူလိုင်လ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၂/က) သင်တန်းဆင်းပွဲမှ တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ နိုင်ရန်နိုင်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြောက်တံငါ တပ်စခန်းကို အပြီးသတ်သိမ်းယူလိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး)က ဇူလိုင်လ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီအပြင် Alpha ဘိလပ်မြေစက်ရုံက စစ်ကောင်စီတပ်တွေရဲ့ ကာကင်းစခန်းကုန်းတွေကိုလည်း တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ် ၁၂ လက်နဲ့ ခဲယမ်းတချို့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ ဦးသိန်းဌေးကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မန္တလေး PDF က မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၂၆ ခုထက်မနည်းကို သိမ်းယူထားပြီး တစ်မြို့လုံးကို သိမ်းယူနိုင်ဖို့ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး၊ ရှမ်းပြည်နယ် ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

အဲဒီဒီထဲက နောင်ချိုမြို့ကိုတော့ ဇူလိုင်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီဆီကနေ သိမ်းယူခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org