မန္တလေးရဲတပ်ဖွဲ့ဝင်နှစ်ဦး စကားများရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ သံလျပ်မှော်အရှေ့ရပ်ကွက်မှာရှိတဲ့ ရဲကင်းက တာဝန်ကျ ရဲဝန်ထမ်း နှစ်ဦးဟာ လှည့်ကင်းထွက်ဖို့ပြင်ဆင်နေစဉ်မှာ အချေအတင် စကားများပြီး သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ရဲဒုတပ်ကြပ် တစ်ဦး ဒဏ်ရာရှိခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က အမှတ် (၇ ) နယ်မြေရဲစခန်းကို တွေ့ရစဉ် Photo: Khaymani Win/RFA

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ သံလျပ်မှော်အရှေ့ရပ်ကွက်မှာရှိတဲ့ ရဲကင်းက တာဝန်ကျရဲဝန်ထမ်း နှစ်ဦးဟာ လှည့်ကင်းထွက်ဖို့ ပြင်ဆင်နေစဉ်မှာ အချေအတင် စကားများပြီး သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ရဲဒုတပ်ကြပ် တစ်ဦး ဒဏ်ရာရှိခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။

ဒီပစ်ခတ်မှုဟာ မနေ့ ည ၉ နာရီခန့်က  ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒုတပ်ကြပ်တစ်ဦးနဲ့ ရဲတပ်သားတို့ စကားများပြီး ရဲတပ်သားက ဒုတပ်ကြပ်ကို ၁၂ ဗို့ ပြောင်းချောသေနတ်နဲ့  ပစ်ခတ်ခဲ့ တာကြောင့်  ဒုတပ်ကြပ်ဟာ ညာဘက်ပေါင်ရင်းမှာ သုံးလက်မခန့် ပွင့်ထွက်ဒဏ်ရာနဲ့  နားနောက်ပေါက်ပြဲဒဏ် ရာတွေ ရခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ဒုတပ်ကြပ်ဟာ လက်ရှိမှာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲတပ်သားကိုတော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org