မန္တလေးမှာ လက်နက်တွေ ဖမ်းဆီးမိ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မှာ မော်တော်ယာဉ်တစ်စီးပေါ် ကနေ မောင်းပြန်သေနတ် ၂၂ လက်ကို မနေ့က ဖမ်းဆီးရမိပြီး အဲဒီလက်နက်တွေကို လက်ခံယူမယ့် သူကိုပါ ဒီကနေ့ ထပ်ပြီးဖမ်းဆီးရမိခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၊ ကျွဲတပ်ဆုံတိုးဂိတ်မှာ ဇူလိုင် ၁၉ ရက်နေ့ညက မန္တလေးကို ပို့ဆောင်မယ့် မောင်းပြန်သေနတ် ၂၂ လက် သိမ်းဆည်းရမိစဉ် Photo: State Counsellor Office Information Committee

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မှာ မော်တော်ယာဉ်တစ်စီးပေါ်ကနေ မောင်းပြန်သေနတ် ၂၂ လက်ကို မနေ့က ဖမ်းဆီးရမိပြီး အဲဒီလက်နက်တွေကို လက်ခံယူမယ့်သူကိုပါ ဒီကနေ့ ထပ်ပြီးဖမ်းဆီးရမိခဲ့ပါတယ်။

သာစည်မြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ တောင်ကြီး-မိတ္ထီလာ သွားကားလမ်းမှာ ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်ဆေးရာမှာ လူ ၂ ယောက်ပါလာတဲ့ ကားပေါ်မှာ HK-33 နဲ့ AK-47 လက်နက် ၂၂ လက်ကို ဖမ်းဆီးမိတာဖြစ်ပါတယ်။

ကားပေါ်ပါလာသူ ၂ ဦးကို စစ်ဆေးရာမှာ အဲဒီလက်နက်တွေကို လက်ခံမယ့်သူကိုပါ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်မှာ ဒီနေ့ ဖမ်းမိတာဖြစ်ပါတယ်။

အဲဒီ ဖမ်းဆီးရရှိတာတွေနဲ့ ပတ်သက်ပြီး သာစည်ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ဖမ်းဆီးရရှိ တာတွေကို အတည်ပြုပေးပေမယ့် ဒီအမှုကို စစ်ဆေးနေတုန်းဖြစ်တာကြောင့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြေဆိုပေး ဖို့ကိုတော့ ငြင်းဆိုပါတယ်။

လက်နက်သယ်ဆောင်လာတဲ့သူ ၂ ယောက်နဲ့ လက်ခံမယ့်သူ ၁ ယောက်တို့ကို လက်နက်ပုဒ်မ ၁၉(က) အရ အရေးယူဆောင်ရွက်ထားတယ်လို့ သာစည်မြို့မရဲစခန်းကနေ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org