မိကျောင်းကန် ဆန္ဒပြပွဲဝင်တစ်ဦး ကွယ်လွန်

စစ်တပ်ကသိမ်းထားတဲ့ အိမ် ခြံမြေတွေ ပြန်ပေးဖို့ ဆန္ဒပြတောင်း ဆိုနေတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန် ပြည်သူတွေထဲက အသက် (၇၆) နှစ် အရွယ် ဒေါ်သောင်းညွန့်ဟာ ရာသီဥတုဒဏ်ကြောင့် မြောက် ဥက္ကလာပဆေးရုံကိုပို့ဆောင်လိုက်ရပြီး မနေ့ညနေက ကွယ် လွန်သွားတယ်လို့ သိရပါတယ်။

တပ်ကသိမ်းထားတဲ့မြေများ ပြန်လည်ရရှိဖို့ မိချောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မူလပိုင်ရှင်များ ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒဖော်ထုတ်နေကြစဉ် photo: RFA/ Kyaw Zaw Win

စစ်တပ်ကသိမ်းထားတဲ့ အိမ်ခြံမြေတွေ ပြန်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန် ပြည်သူတွေထဲက အသက် (၇၆) နှစ်အရွယ် ဒေါ်သောင်းညွန့်ဟာ ရာသီဥတု ဒဏ်ကြောင့် မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်လိုက် ရပြီး မနေ့ညနေက ကွယ်လွန်သွားတယ်လို့ သိရပါ တယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အဖမ်းခံထားရတဲ့ သပိတ်ခေါင်းဆောင် ဦးစိန်သန်းရဲ့ သမီး မနေနွယ်က အခုလိုပြောပါတယ်။

"သပိတ်မှာနေရင်းနဲ့ မိုးဒဏ်လေဒဏ်ကြောင့် ဒီအဖွား ကလည်း ရောဂါအခံ ရှိနေတဲ့အတွက်ကြောင့် ရော ဂါဖောက်လာတော့ ကျမတို့ ဆေးရုံတင်လိုက်တာ နှစ်ရက်လောက်ပဲခံတယ်၊ ဆေးရုံမှာပဲ ဆုံးသွားတယ်"

မိကျောင်းကန်ရပ်ကွက်ကို ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် မှာ တစ်ရပ်ကွက်လုံးဖျက်ပြီး စစ်တပ်ကသိမ်းလိုက်တာပါ။ အဲဒီမြေတွေပြန်ပေးဖို့ ရပ်ကွက်သူ ရပ်ကွက်သားတွေက အကြိမ်ကြိမ်ဆန္ဒပြ တောင်းဆိုခဲ့သလို အခုတစ်ကြိမ်မှာတော့ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးမှာ သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြနေတာ ၄ လကျော်ပြီဖြစ်ပါတယ်။ သပိတ်စခန်းမှာနေတဲ့ သက်ကြီးရွယ်အိုတချို့ ကျန်းမာရေးမကြာခဏ ထိခိုက်တာတွေရှိနေတယ်လို့ သိရပါတယ်။

သပိတ်ဦးဆောင်သူ ဦးစိန်သန်းကိုလည်း ပြီးခဲ့တဲ့အပတ်အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် သစ်ရဲ့ တောင်းခံချက်အရ မှတ်တမ်းမှတ်ရာတွေပေးဖို့ ကုလသမဂ္ဂရုံးကိုအသွားမှာ အရပ်ဝတ်လုံခြုံရေး ဝန်ထမ်းတွေကဖမ်းပြီး တရားစွဲထားပါတယ်။ ဦးစိန်သန်းကို လာမယ့်တနင်္လာနေ့ ရုံးထုတ်မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org