မဏ္ဍိုင် လေးရပ်ဆွေးနွေးပွဲ ရန်ကုန်မှာကျင်းပ
ဒီကနေ့ မဏ္ဍိုင် လေးရပ်ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရတာဟာ သတင်းမီဒီယာဥပဒေအရ သတင်းသမားများ ရပိုင်ခွင့်ရရှိဖို့ ပြုလုပ်တာဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက အတွင်းရေးမှူး ကိုကျော်စွာမင်းက ပြောပါတယ်။
-
2019-06-14 -
-
-
Your browser doesn’t support HTML5 audio
ဒီကနေ့ မဏ္ဍိုင် လေးရပ်ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရတာဟာ သတင်းမီဒီယာဥပဒေအရ သတင်းသမားများ ရပိုင်ခွင့်ရရှိဖို့ ပြုလုပ်တာဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက အတွင်းရေးမှူး ကိုကျော်စွာမင်းက ပြောပါတယ်။
ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတဲ့ အစိုးရလက်ထက်မှာ သတင်းမီဒီယာတွေ သတင်းရယူရာမှာ ကျန်မဏ္ဍိုင် သုံးခုနဲ့ဆက်သွယ်လုပ်ကိုင်ရာမှာ လွတ်လပ်စွာသတင်းရယူမှုတွေ မရရှိသေးဘူးလို့ သတင်းမီဒီယာအဖွဲ့တွေက ဝေဖန်နေကြပါတယ်။
ဒါ့အပြင် နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့် မဏ္ဍိုင် လေးရပ်ဆွေးနွေးပွဲမှာလည်း အချက် ၁၃ ချက် အဖြေထွက်ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီအချက်ထဲမှာ သတင်းမီဒီယာ အသိမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး သတင်းမီဒီယာကောင်စီက ဆောင်ရွက်ပေးရန်၊ သတင်းအမှားများ ပပျောက်ရေးနဲ့ လွှတ်တော်မှာ သတင်းသမားများ လွယ်ကူစွာ သတင်းရယူခွင့်ရရှိရန်၊ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ သတင်းရယူရာမှာ တန်းတူသတင်းရယူခွင့်ရရှိရန် အစရှိတဲ့အချက်တွေ ပါဝင်ပါတယ်။
လက်ရှိမှာ မြန်မာမီဒီယာ လွတ်လပ်ခွင့်အခြေနေဟာ ကမ္ဘာအဆင့်သတ်မှတ်ချက် အဆင့် ၁၃၈ ထိ ကျဆင်းနေကြောင်း ကိုကျော်စွာမင်းက ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။