စာနယ်ဇင်းလောက အဟန့်အတားလုပ်ရပ်များကို ယာယီ စာနယ်ဇင်းသမဂ္ဂ ကော်မတီ ကန့်ကွက်

မြန်မာစာနယ်ဇင်းလောကမှာ သတင်းတွေ ရေးသားဖေါ်ပြတာနဲ့ ပတ်သက်လို့ ဂျာနယ်တချို့ တရားရင်ဆိုင်နေရတဲ့ ကိစ္စနဲ့ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရတာတွေ အပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (ယာယီ) က ကန့်ကွက်တဲ့ ကြေညာချက် တစောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။ AFP

သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်ကို တရားစွဲထားတဲ့ ကိစ္စ၊ ဒလမြို့နယ်က ယာဉ်ရပ်နားစခန်း နဲ့ First Weekly ဂျာနယ်တို့ အပြန်အလှန် တရားစွဲထားတဲ့ကိစ္စ၊ ရန်ကုန်တိုင်းအစိုးရ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက လျှပ်တပျက်ဂျာနယ်ကို တရားစွဲထားပြီး ဂျာနယ်ထုတ်ဝေခွင့် ရပ်ဆိုင်းထားတဲ့ ဖြစ်ရပ်မျိုးတွေဟာ တိုင်းပြည် တည်ဆောက်ရေးမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းလောကကို အဟန့်အတားဖြစ်စေတယ်လို့ မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (ယာယီ) ရဲ့ ဦးဆောင်သူတဦးဖြစ်သူ စာရေးဆရာ၊ သတင်းစာဆရာ ဇော်သက်ထွေးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စာရေးဆရာ ဇော်သက်ထွေး ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org