မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် လာဘ်စားမှုနဲ့ အရေးယူ

မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကိုကိုကျော်စိုးကို ကျပ်ငွေသိန်းတစ်ရာကျော် အလွဲသုံးစားလုပ်မှု နဲ့ နေပြည်တော်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က မိတ္ထီလာရဲစခန်းမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အမှုဖွင့် တိုင်ကြားလိုက်တယ် လို့သိရပါတယ်။

မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကိုကိုကျော်စိုးကို ကျပ်ငွေသိန်းတစ်ရာ ကျော်အလွဲသုံးစားလုပ်မှု နဲ့ နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မိတ္ထီလာရဲစခန်းမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အမှုဖွင့်တိုင်ကြားလိုက်တယ် လို့သိရပါတယ်။

ဒေါက်တာကိုကိုကျော်စိုးဟာ တက္ကသိုလ်ထဲက သုံးထပ်ဆောင်ဆောက်လုပ်တဲ့ MDC ကုမ္ပဏီဆီကနေ အဲဒီ ကျပ်ငွေ ၁၀၉ သိန်းကို အကြိမ်ကြိမ်တောင်းခံ ရရယူခဲ့တဲ့ကိစ္စ စစ်ဆေးပေါ်ပေါက်တဲ့အတွက် လာဘ်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ အရေးယူပေးဖို့ အခုလို အမှုဖွင့်လိုက်တာလို့ သိရပါတယ်။

အခုလိုအမှုဖွင့်ထားပေမယ့် ဒေါက်တာကိုကိုကျော်စိုးကို ဖမ်းဆီးထိမ်းသိမ်းတာ မရှိသေးဘူးလို့ မိတ္ထီလာမြို့မ ရဲစခန်း ကပြောဆိုကြောင်းသိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org