ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကလေး နှစ်ဦးကိစ္စ ကော်မရှင် ရှင်းပြ

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က အိမ်အကူ ကလေး နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကိစ္စမှာ ကလေးတွေ နစ်နာကြေးရစေလိုတာကြောင့် မြန်မာ နိုင်ငံလူ့အခွင့်ရေး ကော်မရှင်က စေ့စပ်ညှိနှိုင်းပေးခဲ့ တာဖြစ်ပြီး တရားဥပဒေအရလည်း တရားစွဲဆိုလို့ရတဲ့ နည်းလမ်းရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။

အိမ်အကူကလေး နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က စက်တင်ဘာလ ၂၁ ရက်နေ့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းစဉ် Photo: Kyaw Zaw Win/ RFA

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က အိမ်အကူ ကလေး နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကိစ္စမှာ ကလေးတွေ  နစ် နာကြေးရစေလိုတာကြောင့် မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က စေ့စပ်ညှိနှိုင်းပေးခဲ့တာဖြစ်ပြီး တရားဥပဒေ အရလည်း တရားစွဲဆိုလိုရတဲ့ နည်းလမ်းရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။

ဒီနေ့ လူ့အခွင့်အရေးကော်မရှင်နဲ့ သတင်းမီဒီယာတွေ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ ဝင် ဒေါ်သန်းနွယ်က အခုလို ပြောပါတယ်။

ကျောက်တံတားမြို့နယ် လမ်း ၄၀ မှာရှိတဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုက အိမ်အကူကလေး နှစ်ဦးကို ညှဉ်း ပန်းနှိပ်စက်ခဲ့တဲ့တာနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့က လူအခွင့်ရေးကော်မရှင်ရံုံးမှာ နှစ်ဖက်ညှိနှိုင်း ရာမှာ ကလေး နှစ်ယောက် အတွက် ငွေကျပ်သိန်း ၅၀ ကို အင်းဝဆိုင် မိသားစုက ပေးခဲ့တာဖြစ်ပါတယ်။

ကလေးငယ် နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခဲ့ရတဲ့ကိစ္စမှာ ငွေကျပ်သိန်း ၅၀နဲ့ ကျေအေးဖို့ ညှိနှိုင်းပေးခဲ့တဲ့  လူ့ အခွင့်ရေးကော်မရှင်ကို မကျေနပ်တာကြောင့် ပြည်သူတချို့ က လူ့အခွင့်ရေးကေ်ာမရှင်ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြ ပါတယ်။

အဲဒီကလေးငယ် နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ကိစ္စကို စတင်ရေးသားဖေါ်ထုတ်ခဲ့တာက Myanmar Now သတင်း ဌာနက ဖြစ်ပြီး နောက်ပိုင်းမှာ ကော်မရှင်ထံ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org