လူ့အခွင့်အရေးမဟာမင်းကြီးအသစ် မျှမျှတတဆောင်ရွက်မယ်ဟု ယုံကြည်

လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးအသစ်အဖြစ် ခန့်အပ်ခံရတဲ့ ချီလီသမ္မတဟောင်း Michelle Bachelet ဟာ လူ့အခွင့်ရေးနဲ့ပတ်သက်ပြီး မျှမျှတတဆောင်ရွက်မယ့်သူဖြစ်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးအသစ်အဖြစ် ခန့်အပ်ခံရတဲ့ ချီလီသမ္မတဟောင်း Michelle Bachelet ကို တွေ့ရစဉ် photo: Michelle Bachelet -facebook

လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးအသစ်အဖြစ် ခန့်အပ်ခံရတဲ့ ချီလီသမ္မတဟောင်း Michelle Bachelet ဟာ လူ့အခွင့်ရေးနဲ့ပတ်သက်ပြီး မျှမျှတတဆောင်ရွက်မယ့်သူဖြစ်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

သူမဟာ သမ္မတဟောင်းတစ်ဦးဖြစ်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အနေအထားကို နားလည်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက RFA ကို ပြောပါတယ်။

"ကျနော်တို့ ချီလီနိုင်ငံသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့အတွက် ကုလသမဂ္ဂလူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ မျှမျှတတ ဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်အကြီးအကဲ အဖြစ် တာဝန်ယူခဲ့တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အနေအထားကို သူနားလည်လက်ခံနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်ခင်ဗျာ"

သူမအရင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဇာဟစ် အယ်-ဟူစိန်က ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရအပေါ် အယုံအကြည်မရှိကြောင်း ထုတ်ဖော်ပြောခဲ့သူပါ။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေကို အသေအချာဖွဲ့စည်းထားပြီး၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ တိုက်ခိုက် မှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအထိ ဖြစ်နိုင်ချေရှိတယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ကျင်းပခဲ့တဲ့ လူ့အခွင့်ရေးကောင်စီ ညီလာခံတစ်ခုမှာ ဇာဟစ် အယ်-ဟူစိန် က ပြောခဲ့ဖူးပါတယ်။

လက်ရှိလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးအသစ်အဖြစ် တာဝန်ယူဆောင်ရွက်မယ့် ချီလီသမ္မတဟောင်း Michelle Bachelet နဲ့ မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးမြင့်သူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org