ပြည်ပရောက်အလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲဖို့ စစ်ကောင်စီဖိအားပေးမှု NUG ကန့်ကွက်

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လစာငွေ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ်ထားတဲ့ ငွေလွှဲလုပ်ငန်းတွေကသာ လွှဲပြောင်းဖို့ ဖိအားပေးနေတာကို ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၈ ရက်နေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၀ ခုနှစ် မေလ ၁၂ ရက်နေ့က မူဆယ် နယ်စပ်ဂိတ်တွင် တွေ့ရတဲ့ မြန်မာအလုပ်သမားများအား တွေ့ရစဉ်။ AFP

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လစာငွေ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ်ထားတဲ့ ငွေလွှဲလုပ်ငန်းတွေကသာ လွှဲပြောင်းဖို့ ဖိအားပေးနေတာကို ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၈ ရက်နေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ပြည်ပနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အခြေခံလစာငွေရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို လစဉ် သို့မဟုတ် သုံးလတစ်ကြိမ်ကို စစ်ကောင်စီက သတ်မှတ်ထားတဲ့ ငွေလွှဲလုပ်ငန်းတွေမှာ စာရင်းဖွင့်ပြီး မိသားစုကို ပေးပို့လွှဲပြောင်းပေးဖို့ အလုပ်သမားဝန်ကြီးဌာနက ပြည်တွင်းအလုပ်အကိုင်အေဂျင်စီတွေကို ဖိအားပေးနေတယ်လို့ ဆိုပါတယ်။

ဒီလိုစေခိုင်းမှုဟာ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနဲ့ မညီညွတ်ဘဲ ဥပေဒေကိုကျော်လွန်ပြီး အလုပ်သမားတွေနဲ့ အေဂျင်စီတွေကို ဖိနှိပ်အကျပ်ကိုင်နေတာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို ဖြတ်တောက်တာတွေနဲ့ ဖိအားပေးလုပ်ဆောင်နေသူတွေကို အမျိုသားညီညွတ်ရေးအစိုးရအနေနဲ့ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org