အခြေခံလုပ်အားခ တစ်ရက်ဘတ် ၃၆၀ အထိ တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရထံ တောင်းဆိုမည်

ထိုင်းနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံလုပ်အားခ တစ်ရက်ဘတ် ၃၆၀ သတ်မှတ်တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရထံ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးကွန်ရက် MWRN နဲ့ ထိုင်းလုပ်သားသမဂ္ဂတို့ ပူးပေါင်းတောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။

မဟာချိုင်မြို့မှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို တွေ့ရစဉ်

ထိုင်းနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံလုပ်အားခ တစ်ရက်ဘတ် ၃၆၀ သတ်မှတ်တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရထံ ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် MWRN နဲ့ ထိုင်းလုပ်သားသမဂ္ဂတို့ ပူးပေါင်းတောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။

ခရိုင်အလိုက် တိုးမြှင့်ပေးမယ်လို့ ကြေညာထားတဲ့အတွက် တစ်နိုင်ငံလုံးမှာ တစ်ပြေးညီ အခြေခံလုပ်အားခ တစ်ရက်ကို ဘတ် ၃၆၀ သတ်မှတ်ပေးဖို့ တောင်းဆိုမှာဖြစ်တယ်လို့ ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် ဒုတိယ ဥက္ကဌ ဦးအောင်ကျော် က ပြောပါတယ်။

"တပြေးညီ တစ်နိုင်ငံလုံးကို သတ်မှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုခဲ့သော်လည်း ပဏာမအနေနဲ့ ထိုင်းအစိုးရ အမိန့်ထွက်လာတဲ့အခါမှာ သူက ၄၉ ခရိုင်ကို ၅ ဘတ်၊ ၁၃ ခရိုက်ကို ၈ ဘတ်၊ နောက် ၇ ခရိုင်ကို ၁၀ ဘတ်၊ ၈ ခရိုင်ကို မတိုးပေးဘူးဆိုတာနဲ့ ပတ်သက်ပြီးမှ နောက်ထပ် ၃၆၀ အထိ တပြေးညီရရှိဖို့အတွက် ဆက်လက်ပြီး ကြိုးစားပြီး တောင်းဆိုသွားမှာဖြစ်တယ်" လို့ ပြောတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တစ်ရက်ကို လုပ်အားခ ဘတ် ၃၀၀ တစ်ပြေးညီသတ်မှတ်ထားတဲ့အပေါ် လာမယ့် ၂၀၁၇ ဇန်နဝါရီလမှာ ခရိုင်အလိုက် တိုးမြှင့်ပေးမှာဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တိုးမြှင့်ပေးမယ့်ခရိုင်တွေထဲမှာ မပါတဲ့ ခရိုင် ၈ ခုဟာ ကုန်ထုတ်လုပ်နိုင်မှုမရှိတဲ့ ခရိုင်တွေဖြစ်ပြီး အမြင့်ဆုံး ၁၀ ဘတ် တိုးမြှင့်ပေးထားတဲ့ ခရိုင် ၇ ခုဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးလုပ်ကိုင်နေတဲ့ခရိုင်တွေ ဖြစ်ပါတယ်။

မူလက ထိုင်းအစိုးရသတ်မှတ်ထားတဲ့ အခြေခံလုပ်အားခ ဘတ် ၃၀၀ ကို အပြည့်အဝမရရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ရှိနေတယ်လို့ သိရပါတယ်။

အခြေခံလုပ်အားခကို အစိုးရက တိုးမြှင့်သတ်မှတ်လိုက်ပေမယ့် လိုက်နာခြင်းမရှိတဲ့ အလုပ်ရှင်တွေရှိနေနိုင်ပြီး လုပ်အားခ အပြည့်အဝရရှိမှုမရှိတာတွေကို တိုင်ကြားသွားမယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org