ထိုင်းနိုင်ငံမှာ အလုပ်လုပ်လိုသူအချို့ ကော့သောင်း အနီး လှေနစ် သေဆုံး
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ တနင်္သာရီတိုင်း ကော့သောင်းမြို့က တဆင့် သွားရောက်ခဲ့ကြပြီး ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီး ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား တချို့ဟာ ရနောင်းမြို့ ကနေ ကော့သောင်းမြို့ကို အပြန်မှာ ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းမှာ သူတို့ကို တင်ဆောင်လာတဲ့လှေ နှစ်မြုပ်ခဲ့ပါတယ်။
-
2011-06-21 -
-
-
အဲဒီပဲ့ချိတ်လှေ နစ်မြုပ်တဲ့ အတွက် မြန်မာနိုင်ငံသား ၁၁ ဦး အနက် ၂ ယောက် သေဆုံးပြီး ၉ ယောက် အသက်ရှင် လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ အထက်ပိုင်း ကနေ ကော့သောင်းမြို့ကို ရောက်ရှိသွားတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ ကားဂိတ်ကနေ တဆင့် လှေဆိပ်ဖက်ကို အသွား လမ်းမှာ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ဒီအကြောင်း အပြည့်အစုံကို အာအက်ဖ်အေ သတင်းထောက် ဦးအောင်မိုးမြင့် က သတင်းပေးပို့ထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |