စစ်ကောင်စီကို အာဆီယံခေါင်းဆောင်တွေ ပြစ်တင်ရှုတ်ချ

စစ်အာဏာသိမ်းပြီးတဲ့နောက် လူထောင်နဲ့ချီ သတ်ဖြတ်ခံရရုံမက လူ သန်းနဲ့ချီ အိုးအိမ်တွေစွန့်ခွာရတယ်လို့လည်း ဆိုပါတယ်။

၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် အာဆီယံညီလာခံ မြင်ကွင်းတစ်ခု။ Photo: AFP

မြန်မာ့ပြည်တွင်းစစ် အဆုံးသတ်ရေးအစီအစဉ် အကောင်အထည်ဖော်ဖို့ မြန်မာစစ်ကောင်စီက ကြိုးစားတာတွေ မည်မည်ရရ လုံလုံလောက်လောက်မရှိဘူးလို့ အာဆီယံခေါင်းဆောင်တွေက အောက်တိုဘာ ၁၀ ရက်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

AFP က တွေ့ရတဲ့ ထိပ်သီးအစည်းအဝေးမူကြမ်းမှာ ပါရှိတာဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သီတင်းပတ်တွေအတွင်း အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီက သဘောတူခဲ့ပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို သွေးထွက်သံယို ဖြိုခွဲပြီး ရှေ့ဆက်သွားနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် လူထောင်နဲ့ချီ သတ်ဖြတ်ခံရရုံမက လူ သန်းနဲ့ချီ အိုးအိမ်တွေစွန့်ခွာရပြီး ပိုကောင်းမွန်တဲ့ အနာဂတ်အတွက် လူငယ်အတော်များများ ပြည်ပထွက်ခွာရတဲ့အဖြစ်ကို တွန်းပို့တယ်လို့လည်း ဆိုပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews)ကလည်း မြန်မာပြည်တွင်းစစ်အတွက် နိုင်ငံတကာက တုံ့ပြန်ပုံက ရှင်းရှင်းလင်းလင်းမရှိဘူးလို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org