ဂြိုလ်တုစလောင်းသုံးခွင့် စစ်ကောင်စီ တားမြစ်

2021.05.04
ဂြိုလ်တုစလောင်းသုံးခွင့် စစ်ကောင်စီ တားမြစ် သတင်းတွေ ဖမ်းယူနိုင်တဲ့ PSI ဂြိုလ်တုစလောင်းတပ်ဆင်ထားတဲ့ အိမ်တစ်အိမ်ကို တွေ့ရစဉ်။
Photo: Citizen Journalist

ဆက်သွယ်ရေးဂြိုလ်ထုက ရုပ်သံထုတ်လွှင့်မှုတွေဟာ နိုင်ငံရဲ့လုံခြုံရေးကို နှောင့်ယှက်ဖျက်ဆီးနေတာကြောင့် ဂြိုလ်တုစလောင်း အသုံးပြုခြင်းကို ကန့်သတ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

ဒါဟာမြန်မာနိုင်ငံမှာ မီဒီယာကို ကန့်သတ်ထိန်းချုပ်မှု နောက်တခုဖြစ်တယ်လို့ ရိုက်တာသတင်းက မနေ့က ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၁ရက် စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ဆန္ဒပြပွဲသတင်းယူတဲ့ သတင်းသမားတချို့ကို ဖမ်းဆီးတာ အင်တာနက် အသုံးပြုမှု ကန့်သတ်ပိတ်ပင်တာတွေကို လုပ်ခဲ့ပြီး အခုတခါ ဂြိုလ်တုစလောင်းက ရုပ်သံကြည့်ရှုမှုတွေကိုပါ ကန့်သတ်ပိတ်ပင်လာတာပါ။

အင်္ဂါနေ့ MRTVသတင်း ကြေညာချက်အရ ဂြိုလ်တုစလောင်းအသုံးပြုရင် ထောင်ဒဏ်တစ်နှစ်နဲ့ ငွေဒဏ် ကျပ်ငါးသိန်း ကျခံစေရမယ်လို့ ထုတ်ပြန်သွားပါတယ်။

စစ်ကောင်စီအနေနဲ့ ဒီကြေညာချက်ကို မထုတ်ပြန်ခင် ပြီးခဲ့တဲ့လအတွင်း တနိုင်ငံလုံး နေရာအနှံ့အပြားမှာ ဂြိုလ်တုစလောင်းတွေကို လိုက်လံဖြုတ်သိမ်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။