ဟားခါးမြို့ကို တက်လာသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ချေမှုန်းခံရ

ပြီးခဲ့တဲ့၊ မတ်လ ၉ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဟားခါးမြို့ကိုတက်လာတဲ့ တင့်ကားနှစ်စီး အပါအဝင် ကားအစီးရေ ၃၀ ကျော်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့တွေက လမ်းတစ်လျှောက် တိုက်ခိုက်ခဲ့ရာ ယာဉ်တန်းတစ်ခုလုံး ပျက်စီးသွားခဲ့ပြီလို့ ချင်းအမျိုးသားတပ် (CNF) က ပြောပါတယ်။

ချင်းဒေသကာကွယ်ရေးအဖွဲ့တွေက ဟားခါးမြို့ကိုလာသည့် စစ်ကောင်စီယာဉ်တန်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က တိုက်ခိုက်ခဲ့စဉ်။ People's Spring

ပြီးခဲ့တဲ့၊ မတ်လ ၉ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဟားခါးမြို့ကို တက်လာတဲ့ တင့်ကားနှစ်စီး အပါအဝင် ကားအစီးရေ ၃၀ ကျော်ပါတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့တွေက လမ်းတစ်လျှောက် တိုက်ခိုက်ခဲ့ရာ ယာဉ်တန်းတစ်ခုလုံး ပျက်စီးသွားခဲ့ပြီလို့ ချင်းအမျိုးသားတပ် (CNF) က ပြောပါတယ်။

ကလေးမြို့ကနေ ကလေး-ဖလမ်း-ဟားခါးလမ်းတစ်လျှောက် ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ချင်းဒေသ ကာကွယ်ရေးအဖွဲ့တွေကြားမှာ လမ်းတစ်လျှောက် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်နက်နဲ့ ရိက္ခာတွေအပြင် ယာဉ်အားလုံးကိုပါ တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဟားခါးမြို့၊ ချွန်ကျုံးရွာအနီးမှာ ဧပြီလ ၁၃ ရက်နေ့က စစ်ကောင်စီရဲ့ သံချပ်ကာ ကားနှစ်စီးကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တာကြောင့် အားလုံးကို ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်တယ်လို့ CNF ရဲ့ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။

"ကျနော်တို့ ရည်မှန်းထားတဲ့အတိုင်း လမ်းမှာ အဆက်မပြတ် တိုက်ခိုက်နိုင်ခဲ့တယ်။ ယာဉ်အားလုံးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်။ သံချပ်ကာ ကားရော၊ ကုန်တင်ကားတွေ ရော။ မနေ့က ချွန်ကျုံးရွာမှာ သံချပ်ကာနှစ်စီးကို တိုက်ခိုက် ဖျက်ဆီးခဲ့တယ်။ သူတို့က လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက်လာပစ်တယ်။ ဟားခါးကနေလည်း စစ်ကူတွေ ဆင်းလာတာတွေလည်း ရှိတယ်"

ဟားခါးမြို့၊ ချွန်ကျုံးရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ် ဟာ ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆလိုင်းထက်နီက ဆိုပါတယ်။

ကလေးမြို့ကနေ ဟားခါးမြို့ကို တစ်နေ့ခရီးသာသွားရပေမယ့် စစ်ကောင်စီတပ်တွေ ကတော့ အချိန်တစ်လကျော် ကြာလာတာတောင် ဟားခါးမြို့ကို မရောက်နိုင်ကြသေးဘူး လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ကနေ အင်အား ၂၀၀ နီးပါးနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြော င့် ၁၀၀ ကျော် သေဆုံးခဲ့ပြီး အခုဆို အင်အား ၄၀ ဝန်းကျင်သာရှိတော့လို့ CNF ဘက်က ပြောပါတယ်။

ဒီစစ်ကောင်စီဘက်က သေဆုံးမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို ဒီကိစ္စတွေနဲ့ ပတ်သက်လို့ သိရှိနိုင်ဖို့ ချင်းပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဟားခါးမြို့အနီး ချွန်ကျုံးကျေးရွာကို ဝင်ရောက်နေရာယူထားပြီး ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ် နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟားခါးမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ချင်းဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF)က ပြောပါတယ်။

ဟားခါးမြို့ကနေ ၁၅ မိုင်ခန့် ဝေးတဲ့ ချွန်ကျုံးကျေးရွာက နေအိမ် ခြောက်လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး ဖလမ်း-ဟားခါးလမ်းတစ်လျှောက်ရှိ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org