KNU နယ်မြေထဲ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲလို့ လူတစ်သောင်းနီးပါး ထွက်ပြေးနေရ

မတ်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ အာဏာသိမ်းစစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တစ်သောင်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကရင်ပြည်နယ်က ဒေသခံတွေကို ၂၀၂၁ မတ် ၂၈ ရက်နေ့က ထွက်ပြေးစဉ် Photo: KWO

မတ်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ အာဏာသိမ်းစစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တစ်သောင်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

ဒေပူးနို၊ တနေးလူတောင်ကုန်းကျေးရွာ၊ ကလိုဘောထာကျေးရွာ၊ မောယူနီကျေးရွာ၊ သယ်ဘိုးပလောကျေးရွာ၊ သီးကောထာကျေးရွာ၊ ဟိုကေကျေးရွာ ကျေးရွာပေါင်း ခုနစ်ရွာလောက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU သတင်းနဲ့ ပြန်ကြားရေး ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့ နှစ်ရက်အတွင်း စုစုပေါင်း လူနေအိမ် နှစ်လုံးမီးလောင်ပြာကျခဲ့ပြီး၊ သုံးဦးသေဆုံးကာ ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

မတ်၂၇ ရက်နေ့က အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုမှာ နေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး အရပ်သား သုံးဦးသေဆုံးခဲ့ကာ ရှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ် ၂၈ ရက်နေ့မှာလည်း မောယူနီကျေးရွာရှိ အရပ်သား နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ရပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာလည်းရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org