ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

ရန်ကုန်-မန္တလေး အမြန်အတိုင်း မောင်းနှင်လာတဲ့ အင်အား ၃၀ ကျော်ပါတဲ့ စစ်ကားတစ်စီးကို အမြန်လမ်း မိုင်တိုင် အမှတ်- ၃၄၃ မိုင်၊ ၅ ဖာလုံအရောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) က ဒီဇင်ဘာလ ၃ ရက် ဒီနေ့မနက်က သတင်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရန်ကုန်မှာ တွေ့ရစဥ် AFP Photo

ရန်ကုန်-မန္တလေး အမြန်အတိုင်း မောင်းနှင်လာတဲ့ အင်အား ၃၀ ကျော်ပါတဲ့ စစ်ကားတစ်စီးကို အမြန်လမ်း မိုင်တိုင်အမှတ်- ၃၄၃ မိုင်၊ ၅ ဖာလုံအရောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် ကာကွယ် ရေးတပ်ဖွဲ့ (K.D.D.F) က ဒီဇင်ဘာလ ၃ ရက် ဒီနေ့မနက်က သတင်း ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂ ရက်နေ့ မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ မန္တလေးမြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ အဲဒီစစ်ကားကို တိုက်ခိုက်ခဲ့တာလို့ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သေဆုံးမှုတွေရှိတယ်။ အရင်ကဆို မိုင်းသံကြားရင် သေနတ်နဲ့ရမ်းပြီး ပြန်ပစ်နေကြ။ မနေ့ကတော့ သေနတ်နဲ့ ပြန်ပစ်တာမျိုးတွေ မရှိဘူး။ အဲဒီလို မကြားရတဲ့အတွက် လက်ပစ်ဗုံးနဲ့ အနီးကပ်ပြီး လက်နက် ကောက်ဖို့ လုပ်ခဲ့ပေမယ့် ခရီးသည်တင်ကား တစ်စီးရှိနေလို့ ပြည်သူတွေ ထိခိုက်မှာစိုးတဲ့အတွက် တပ်ခေါက်ခဲ့တယ်”

ခရီးသည်တင် အရပ်သားကား ထိခိုက်မှုမရှိသလို အခုလို မိုင်းခွဲမှုကို ပူးပေါင်းလုပ်ဆောင်တဲ့ ကျောက်ဆည် ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) နဲ့ People Defense Force (Kyaukse) အဖွဲ့တို့က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကွဲမှုဖြစ်ပြီးနောက်ပိုင်းမှာ ရန်ကုန်-မန္တလေးကားလမ်းကို ပိတ်ဆို့စစ်ဆေးတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် - ၁၁၀ မှာရှိတဲ့ ဇယားဟာ လုံခြုံရေးရဲကင်း တိုက်ခိုက်ခံရလို့ ရဲငါးဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org