ခင်ဦးမြို့ လက်ပံလှရွာက ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် လက်ပံလှရွာက စစ်ကောင်စီ သတင်းပေး ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ကြီးနေသူ အသက် ၃၅ နှစ်အရွယ် ဦးခင်မောင်ထွန်း အောက်တိုဘာလ ၁၁ ရက် မနေ့ညပိုင်းမှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ မေ ၂ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် Photo: CJ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် လက်ပံလှရွာက စစ်ကောင်စီ သတင်းပေး ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ကြီးနေသူ အသက် ၃၅ နှစ်အရွယ် ဦးခင်မောင်ထွန်း အောက်တိုဘာလ ၁၁ ရက် မနေ့ညပိုင်းမှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ည ၈ နာရီအချိန်ခန့် လက်ပံလှရွာထိပ်က တာဘောင်အနားမှာ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဦးခင်မောင်ထွန်းဟာ ခင်ဦးမြို့မရဲစခန်းကို အဝင်၊ အထွက်ရှိပြီး စစ်ကောင်စီတပ်သားတွေကို ငွေကြေးနဲ့ ရိက္ခာထောက်ပံ့နေတဲ့ စစ်ကောင်စီရဲ့ ပျူစောထီးသင်တန်းဆင်းထားသူဖြစ်တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ခင်ဦးမြို့မှာရှိတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ တောကြီးမြွေဟောက်အဖွဲ့ (ခင်ဦး) ကလည်း ဦးခင်မောင် ထွန်းကို သူတို့အဖွဲ့က ၃၃ ဦးမြောက် ဒလန်အဖြစ် ရှင်းလင်းခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီကို ထောက်ခံသတင်းပေးသူတွေ မကြာခဏအသတ်ခံရပြီး အောက်တိုဘာလ ၁၀ ရက်နေ့မှာ နှောကုန်းရွာမှာ စစ်ကောင်စီသတင်းပေးတစ်ဦး အသတ်ခံခဲ့ရသလို ပြီးခဲ့တဲ့ ဇွန်လအတွင်း ကလည်း ပျူစောထီးလို့ စွပ်စွဲခံရသူနှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org