ပခုက္ကူက လွှတ်တော်အမတ် သုံးဦးရဲ့ နေအိမ် ချိတ်ပိတ်ခံရ

မကွေးတိုင်း ပခုက္ကူမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်တွေရဲ့ နေအိမ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ချိတ်ပိတ်သွားတယ်လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။

ပခုက္ကူမြို့က NLD အမတ်ရဲ့ နေအိမ်ကို ၂၀၂၁ နိုဝင်ဘာ ၁၁ ရက်နေ့က စစ်ကောင်စီက ချိတ်ပိတ်စဥ် Photo: CJ

မကွေးတိုင်း ပခုက္ကူမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်တွေရဲ့ နေအိမ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ချိတ်ပိတ်သွားတယ်လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။

အမှတ် (၁၁) ရပ်ကွက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကြူရဲ့အိမ်၊ အမှတ် (၈) ရပ်ကွက်က NLD မြို့နယ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုရဲ့အိမ်နဲ့ အမှတ် (၄) ရပ်ကွက်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းတို့ရဲ့ အိမ်တွေကို ချိတ်ပိတ်ခဲ့တာလို့ ဒေသခံတစ်ဦး RFA ကို ပြော ပါတယ်။

“ပြီးခဲ့တဲ့ ကြာသပတေးနေ့ နိုဝင်ဘာ ၁၁ ရက်နေ့က သူတို့မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်မှာ အရပ်ဝတ်တွေရော ယူနီဖောင်းနဲ့ ရဲရော စစ်သားရောပေါ့ အယောက် နှစ်ဆယ်လောက်ပါတယ်။ နေအိမ်တွေက လူမရှိဘူးလေ အဲဒီအိမ်တွေမှာ စာအနီကြီးပေါ့ ဗီနိုင်းကပ်သွားတာပေါ့ အဲဒီနေ့ တစ်ရက်တည်းပဲ မနက်ပိုင်းမှာ အကုန်လုပ်သွားတာ”

ဦးပိုက်ကိုက ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဦးသက်ကြူက ၂၀၂၀ မှာ ရွေးကောက်ပွဲမှာ ဦးပိုက်ကိုနေရာကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။

ပခုက္ကူမြို့နယ် တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း ကတော့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ဆက်လုံး အနိုင်ရထားသူ ဖြစ်ပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH၊ PDF အဖွဲ့ဝင်တွေ၊ PDF တွေနဲ့ ပတ်သက်ဆက်စပ်သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်သိမ်းယူနေတာ အခုနိုဝင်ဘာလဆန်းအထိ နေအိမ်အလုံးပေါင်း ၇၀ ခန့်ရှိနေ ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org