စစ်အာဏာသိမ်းချိန်ကနေ အခုထိ ပြည်သူ နှစ်သိန်းနှစ်သောင်းကျော် နေရာပြောင်းရွှေ့ခဲ့ရ
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ၊ နိုဝင်ဘာလ ၁ ရက် နေ့အထိ၊ မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခတွေနဲ့ လုံခြုံရေး အခြေအနေတွေ ကြောင့် ပြည်တွင်းနေရာရွှေ့ပြောင်းရသူ နှစ်သိန်းနှစ်သောင်းသုံးထောင့်သုံးရာ ဝန်းကျင်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
- 2021-11-05
-
-
-
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ၊ နိုဝင်ဘာလ ၁ ရက်နေ့အထိ၊ မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခတွေနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် ပြည်တွင်းနေရာရွှေ့ပြောင်းရသူ နှစ်သိန်းနှစ်သောင်း သုံးထောင့်သုံးရာ ဝန်းကျင်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ CDF၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသကာကွယ်ရေး PDF ပူးပေါင်း တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွား နေတဲ့အတွက်၊ ပြီးခဲ့တဲ့ မေလကစပြီး ဒေသခံ ပြည်သူ သုံးသောင်းခုနစ်ထောင်ဝန်းကျင် နေရာရွှေ့ပြောင်းခဲ့ရ၊ အိုးအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ အသက်သေဆုံးရတာတွေလည်း ရှိခဲ့ပါတယ်။
အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာလည်း၊ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကြားမှာရော၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းကြားမှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အောက်တိုဘာလအတွင်း၊ မြို့နယ်အတော်များများမှာ အရပ်သား သေဆုံးမှုတွေ အပါအဝင်၊ အကြိမ်ကြိမ်နေရာရွှေ့ပြောင်းခဲ့ရတာတွေ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာ မြို့နယ် ၉ မြို့နယ်အတွင်း၊ နေရာရွှေ့ပြောင်းခဲ့ရသူ တစ်သောင်းရှစ်ထောင့်သုံးရာ ဝန်းကျင် ရှိနေပါတယ်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာလည်း လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန် မလာသေးပါဘူး။ အောက်တိုဘာလအတွင်း နေရာရွှေ့ပြောင်းခဲ့ရသူ နှစ်သောင်းသုံးထောင့်ငါးရာ ဝန်းကျင်ရှိခဲ့ပါတယ်။