တပ်မတော်က ချီတက်အလေးပြု ဖို့နိုင်ငံတော်သမ္မတအပေါ် မူတည်

နိုင်ငံတော် သမ္မတကို နေ့ထူးနေ့မြတ် တစ်ရက်ရက်မှာ တပ်မတော်က အခမ်းအနားနဲ့ချီတက် အလေးပြုပေးဖို့ အစီအစဉ်ရှိ၊ မရှိကိုအမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဒီနေ့အမျိုးသား လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။

တပ်မတော်နေ့ အခမ်းအနားတစ်ခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီတပ်ဖွဲ့တစ်ခုကို တွေ့ရစဉ် Photo: AFP

နိုင်ငံတော် သမ္မတကို နေ့ထူးနေ့မြတ်  တစ်ရက်ရက်မှာ တပ်မတော်က အခမ်းအနားနဲ့ချီတက် အလေးပြုပေးဖို့ အစီအစဉ်ရှိ၊ မရှိကိုအမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဒီနေ့အမျိုးသား လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။

"ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၈ အရ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စု သမ္မတ နိုင်ငံတော်တစ်ဝှမ်းလုံးတွင် နိုင်ငံသား အားလုံးရဲ့ အထွဋ်အထိပ်နေရာရရှိသည်ဟု ဖော်ပြ ထားတဲ့အတွက်ကြောင့် တပ်မတော်နေ့ဖြစ်စေ၊ အမျိုး သားနေ့ဖြစ်စေ၊ လွတ်လပ်ရေးနေ့ဖြစ်စေ၊ ပြည်ထောင် စုနေ့ဖြစ်စေ နေ့ထူးနေ့မြတ်တစ်ရက်ရက်မှာတော့ နိုင်ငံတော်သမ္မတကို စစ်ကြောင်းပုံနဲ့ ကြည်း၊ ရေ၊ လေ ပြည်ထောင်စုတပ်မတော်ကြီးက ချီတက်အလေးပြုသင့်တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်၊ ပြည်ထောင်စုတပ်မတော်ကြီးက အခမ်းအနားနဲ့ အလေးပြုဖို့ နေ့ရက်သတ်မှတ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို လေးစားတင်ပြပါတယ်"

အဲ့ဒီမေးခွန်းကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က အဲဒီလို ဂုဏ်ပြုအစီအစဉ်ဟာ နိုင်ငံတော်သမ္မတအပေါ်မှာပဲ မူတည်ကြောင်း အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ကျနော်တို့ ၁၉၆၂ ခုနှစ်မှာတော့ ၁၄ ကြိမ်မြောက် လွတ်လပ်ရေးသဘင် အခမ်းအနားမှာတော့ ယခင်နှစ်များက ကဲ့သို့ ဆက်လက်အင်အားပြ ချီတက်အလေးပြုမှု မလုပ်တော့ဘဲနဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်တည်ထောင်ရေး၊ စည်းလုံးညီညွှတ်ရေး သရုပ်ဖော်အဖွဲ့များ၊ သရုပ်ဖော်ယာဉ်များဖြင့် ချီတက်အလေးပြုခဲ့ကြောင်း သမိုင်းမှတ်တမ်း အရ သိရှိရပါတယ်၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အခုမေးခွန်းပါကိစ္စကို တင်ပြရမယ်ဆိုရင် နိုင်ငံတော် သမ္မတဟာ အခမ်းအနားဖြင့် ချီတက်အလေးပြုခြင်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုအစီအစဉ်မှာ နိုင်ငံတော် သမ္မတကြီး၏ စိတ်ဆန္ဒသဘောထားအတိုင်း ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်"

အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း သမ္မတကို ဂုဏ်ပြုအလေးပြုတဲ့နေ့ သတ်မှတ်တာမရှိကြောင်းနဲ့ အရပ်သားအစိုးရကို အလေးပြုသင့်ကြောင်း ယူဆတဲ့အတွက် မေးခွန်းမေးတာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org