စစ်ကိုင်းတိုင်း မြို့နယ် ခုနစ်ခုမှာ ဝါဒဖြန့်စာရွက်တွေ စစ်ရဟတ်ယာဉ်နဲ့ ကြဲချ

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်မှုတွေရှိနေတဲ့ ဘုတလင်၊ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်း စတဲ့ မြို့နယ် ခုနစ်ခုမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မကောင်းကြောင်းနဲ့ ပြည်သူတွေ တပ်မတော်နဲ့ ပူးပေါင်းဖိုဆိုပြီး ဝါဒဖြန့်ရေးသားထားတဲ့စာရွက်တွေကို ဒီဇင်ဘာလ ၁၅ ရက် မနေ့က စစ်ရဟတ်ယာဉ်ပေါ်ကနေ ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ရဟတ်ယာဉ်က ကြဲချခဲ့တဲ့ ဝါဒဖြန့်စာရွက်တွေကို တွေ့ရစဉ် Photo - Citizen Journalist
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်မှုတွေရှိနေတဲ့ ဘုတလင်၊ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်း စတဲ့ မြို့နယ် ခုနစ်ခုမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မကောင်းကြောင်းနဲ့ ပြည်သူတွေ တပ်မတော်နဲ့ ပူးပေါင်းဖိုဆိုပြီး ဝါဒဖြန့်ရေးသားထားတဲ့စာရွက်တွေကို ဒီဇင်ဘာလ ၁၅ ရက် မနေ့က စစ်ရဟတ်ယာဉ်ပေါ်ကနေ ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေထွက်လာတဲ့ စစ်ရဟတ်ယာဉ်က မုံရွာမြို့အထွက် ဘုတလင်မြို့ကနေ ကောလင်းမြို့အထိ သွားရာလမ်းကြောင်းတလျှောက်မှာ စာရွက်တွေ ကြဲချခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တန့်ဆည်မြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
 
"စာရွက်တွေကို ကလေးတွေက ကောက်ဖတ်ပြီး ဟာသတွေဆိုပြီး ပြောပြီးရယ်ကြတယ်။ လူကြီးတွေ ကတော့ အရေးကိုမလုပ်ပါဘူး။ သူတို့ရေးထားတာတွေက ပြောင်းပြန်တွေရေးထားတာပဲ။ ရွာက လူတိုင်းသိတယ်"
 
စစ်ရဟတ်ယာဉ်ဟာ မနေ့ နေ့လယ် ၁ နာရီကျော်လောက်မှာ နမခ အတွင်းကနေ ထွက်လာတာဖြစ်ပြီး ညနေ ၄ နာရီဝန်းကျင်လောက်မှာ ပြန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မနေ့ကကြဲချသွားတဲ့ စာရွက်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုဖြိုးဇေယျာသော် ကို ဖမ်းဆီရမိစဉ်ကပုံတွေ၊ မုံရွာမြို့နယ်အတွင်းက ဖမ်းဆီးခံထားရတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ပုံတွေ၊ တပ်မတော်က လက်နက်တပ်ဆင်ပေးထားတဲ့အဖွဲ့ ၁၀၀ ကျော်နဲ့ ပြည်သူ့စစ် ၃၀၀၀ ကျော်ကို လက်နက် ၃၀၀၀ တပ်ဆင်ပေးထားကြောင်း စတဲ့အချက်တွေ အများအပြား ပါဝင်ပါတယ်။
 
ယခင်ကလည်း အခုလိုဝါဒဖြန့်စာရွက်တွေကို စစ်ကောင်စီတပ်က သူတို့စစ်ကြောင်းထိုးသွားရာ လမ်းတ လျှောက်က သစ်ပင်တွေ၊ ထင်ရှားတဲ့အဆောက်အအုံတွေမှာ ကပ်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။
 
မင်းကင်းမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က အခုလိုဝါဒဖြန့်ရေးသားထားတဲ့ စာရွက်တွေကို စစ်ရဟတ်ယာဉ်ပေါ်ကနေ ကြဲချသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org