ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတွေကို လိုက်လံဖမ်းဆီးနေ

ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုး၊ ဘောလခဲ ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဒေါ်လှကြည်နဲ့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်ဝင်းတို့ကို စစ်တပ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညသန်းခေါင်မှာ တပြိုင်တည်းလာရောက် ဖမ်းဆီးသွားတယ်လို့ NLD ကိုယ်စားလှယ်တဦးက RFA ကိုပြောပါတယ်။

၂ဝ၂ဝ နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော်တွင် ဆန္ဒမဲရေတွက်စဉ်။ Photo:AFP

ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုး၊ ဘောလခဲ ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဒေါ်လှကြည်နဲ့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်ဝင်းတို့ကို စစ်တပ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညသန်းခေါင်မှာ တပြိုင်တည်းလာရောက် ဖမ်းဆီးသွားတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ NLD ကိုယ်စားလှယ် တဦးက RFA ကို ပြောပါတယ်။

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်း၊ တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစောတင်သိန်း တို့ကိုလည်း ဒီကနေ့ ညပိုင်းမှာ စစ်တပ်ကလာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညအချိန်မတော်မှာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌတွေကို လိုက်လံဖမ်းဆီးနေတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘယ်နှယောက် ဖမ်းဆီးခံရလဲဆိုတာ RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တချို့ကိုလည်း စစ်အာဏာသိမ်းတဲ့ ညမှာ စစ်တပ်ကဖမ်းဆီးသွားတာဖြစ်ပြီး အခုအချိန်ထိ ဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာ စစ်အစိုးရက ပြောဆိုခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အဓိက စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေစပြီး စစ်အာဏာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org