မိတ္ထီလာ လေကြောင်းတက္ကသိုလ်ဝန်ထမ်းတွေကို တပ်မ ၉၉ လာရောက်ခြိမ်းခြောက်

မနေ့ည ၂ နာရီခွဲလောက်က မိတ္ထီလာမြို့၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်ဝင်းထဲကို တပ်မ (၉၉) က စစ်ကားသုံးစီးအင်အား ၂၀ ကျော်က ဝင်ရောက်စီးနင်းခဲ့ရာမှာ ဆရာဆရာမနဲ့ ဝန်ထမ်းတွေပါဝင်တဲ့လူအုပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

မိတ္ထီလာမြို့၊ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ဝင်းထဲကို ဝင်ရောက်လာတဲ့ တပ်မ (၉၉) က စစ်ကားများ။ Photo: Citizen Journalist

မနေ့ည ၂ နာရီခွဲလောက်က မိတ္ထီလာမြို့၊ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ဝင်းထဲကို တပ်မ (၉၉) က စစ်ကားသုံးစီးအင်အား ၂၀ ကျော်က ဝင်ရောက်စီးနင်းခဲ့ရာမှာ ဆရာဆရာမနဲ့ ဝန်ထမ်းတွေ ပါဝင်တဲ့လူအုပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ကျောင်းဝင်ပေါက်သော့ကို ရိုက်ဖွင့်ပြီး ဝင်ရောက်လာတာဖြစ်တယ်လို့ မိတ္ထီလာ လေကြောင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂဝင် တယောက်က ပြောပါတယ်။ တပ်မတော်ဂုဏ်သိက္ခာထိခိုက်စေမယ့် ဘယ်လို အပြုအမူကိုမှ မလုပ်ဖို့၊ တက္ကသိုလ် ကျောင်းဆရာဆရာမတွေအနေနဲ့ ပညာတတ်ပီသစွာ ပြုမူနေထိုင်ဖို့ ခြိမ်းခြောက်ပြောဆိုပြီး မနက် ၃ နာရီလောက်မှာ ကျောင်းဝင်းထဲမှ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

လူအုပ်နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာ လူတွေသိကုန်ရင် တပ်မတော်ဂုဏ်သိက္ခာထိခိုက်မှာစိုးတာကြောင့် CCTV မှတ်တမ်းတွေကို မဖြန့်ဝေဖို့လည်း တားမြစ်သွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org