ကိုမင်းကိုနိုင် သီချင်းဖြန့်ဝေ

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ကိုမင်းကိုနိုင်ရဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်စူးပြီး ထောင်ထဲမှာ စပ်ဆို ရေးသားလိုက်တဲ့ "ပြန်လာပြီ ပန်ထွာဧကရီ" သီချင်း ကို သြဂုတ်လ ၈ ရက်နေ့မှာ ဖြန့်ဝေမယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင် ၂၀ဝ၇ခုနှစ် ဇန်နဝါရီလက နှစ်ရှည် ထောင်ဒဏ်မှ လွတ်မြောက်ခဲ့ပြီးနောက် မိသားစုနေအိမ်တွင် တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ လက်ရှိ ကျိုင်းတုံ အကျဉ်းထောင်မှာ ၆၅ နှစ်ကျော် ထိမ်းသိမ်း ခံနေရပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုက စပြီး အခုအချိန် အထိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်ခဲ့တဲ့ လူငယ် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းကိုနိုင်ကို ကျောင်းသားများက အစဉ်အဆက် ဂုဏ်ပြုလာခဲ့ရာမှာ ဒီနှစ်အတွက် ၂၃ နှစ်မြောက် ရှစ်လေးလုံး လူထု လှုပ်ရှားမှု နှစ်ပတ်လည်မှာ ကိုမင်းကိုနိုင်ရဲ့ သီချင်းတွေ ဖြန့်ဝေမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတဦး ဖြစ်သူ ကိုဖြိုးမင်းသိန်းက အာအက်ဖ်အေကို ပြောပါတယ်။

၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အထိမ်းအမှတ် အနေနဲ့ ကြည်မြင်တိုင် မြို့နယ် သာဓုပဌိယတ္တိ စာသင်တိုက်မှာလည်း ၈၈ မျိုးဆက် ကျောင်းသားတွေက သံဃာတော်တွေကို ဆွမ်းကပ် အလှုဒါနပြုမှာ ဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့ မနက် (၉) နာရီမှာ စတင်မယ့် အခမ်းအနားကို မည်သူမဆို ကြွရောက် နိုင်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org